" MLFAC " - Chapter - 3

218 14 1
                                    

     " Wan , Bar , Ace " သူငယ်ချင်း ၃ယောက်ရှိသည်။ Wan သည် စာရေးဆရာအလုပ်ကိုတစိုက်မက်မက် လုပ်ကိုင်သည်။အသက်ငယ်ငယ် ဖြင့် နာမည်ကျော်စာရေးဆရာတစ်ယောက် ဖြစ်သော်လည်း အေး‌အေးဆေးဆေး သာနေထိုင်တတ်သည့်သူဖြစ်၏။ Wan သည် မိဘများနှင့်အတူမနေ၊ သီးသန့်နေခြင်းသည် စာရေးရာတွင် ပိုမိုအာရုံစိုက်နိုင်သောကြောင့် ကိုယ်ပိုင်ကွန်ဒိုတွင် တစ်ယောက်ထဲနေ၏။

     Bar သည်မိဘလက်ထက်ကတည်းက တည်ထောင်ခဲ့သော စာအုပ်တိုက်တွင်ဆက်လက်ဦးစီးသည်။ သဘောအလွန်ကောင်း၍ ကြင်နာတတ်သည်။ Bar ၏စာအုပ်တိုက်သည် စာပေနှင့်ပက်သက်သမျှ ( ဝတ္ထုစာအုပ်၊ ကဗျာစာအုပ်၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အစရှိသဖြင့်... ) အကုန်ထုတ်‌ဝေသည်။ Wan သည် Bar ၏ စာအုပ်တိုက်တွင် စာချုပ်ချုပ်၍စာရေး သည်။Wan နှင့် Bar သည် အလုပ်ကိုင်ဆက်နွယ်မှုရှိ၍ ပိုမိုတွေ့ဖြစ်သည်။

     Ace မှာမူ မိန်းကလေးဖြစ်သော်ငြားလည်း
Wan , Bar တို့နှင့် ရင်ပေါင်တန်းပေါင်းသင်းဆက်ဆံသည်။ ကျောင်းနေဘက်သူငယ်ချင်းများဖြစ်၍ သာမန် သူငယ်ချင်းများထပ် ပိုမိုရင်းနှီးကြသည်။

     Ace ၏ မိဘများသည် ချမ်းသာဂုဏ်ရှိန်ကြွယ်ဝသဖြင့် Aceသည် ဂုဏ်မောက်၍ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ခြင်းမရှိ။ မိဘပိုက်ဆံဖြင့်သာ တစ်နေ့တစ်နေ့ သုံးဖြုန်းအချိန်ကုန်သည်။

     Ace သည် Bar အပေါ်တွင် သူငယ်ချင်းထက်မပိုသော်လည်း Wan အပေါ်တွင်မူ သူငယ်ချင်းထက် ပိုသောခံစားချက်ရှိနေသည်။

     Wan တို့စာအုပ်တိုက် (ရုံး) အောက်တွင် ကားတိုက်မှု မဖြစ်ခင် မနက်ပိုင်းခန့်တွင် Ace တစ်ယောက် Wan ဆီ ဖုန်းဆက်၍ လာတွေ့မည်ဟု ပြောထားသည်။ အကြောင်းမှာ Ace တစ်ယောက် ကားအသစ်လဲထား၍ Wan နှင့် Bar အား လာကြွားရန်ဖြစ်သည်။ သို့သော် ကားလဲထားကြောင်းမပြောဘဲ Surprise ဖြစ်သွားအောင် ကြွားမည်ဟု Ace တစ်ယောက်ကြံရွယ်ထားသည်။

     Wan လည်းသူငယ်ချင်းသံယောဇဉ်ရှိနေသေး၍ Ace မှာ မိမိအားသူငယ်ချင်းထက်ပိုနေသည်ကိုသိသော်လည်း ရေ‌လိုက်ငါးလိုက်သာနေခဲ့သည်။ သူငယ်ချင်းမ‌လေး Ace အား
ပစ်ပစ်နှစ်နှစ် မပြောရက်၊ မငြင်းရက်ခဲ့ပါ။

My Love From Another CountryWhere stories live. Discover now