" MLFAC " - Chapter - 8

94 11 0
                                    

ကားပေါ်ရောက်သောအခါ Wan သည် ကားမောင်းဖို့အလို့ငှာ ကားစက်နှိုးလိုက်သည်။ ပြီးလျှင် အရှေ့ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ရန် ကားရှေ့မှန်ပေါ်မှ မိုးစက်များကို ရေသုတ်တံဖြင့် သုတ်ဖို့ ခလုတ်ကိုမနှိပ်ခင် ဘေးတွင်ထိုင်နေသော Bee ဘက်တစ်ခါကြည့်ပြီး ရှေ့ပြန်အလှည့်တွင် နောက်တစ်ခါဖျက်ခနဲ ဆိုသလို Bee အားပြန်ကြည့်မိသည်။ Wan ၏ အကြည့်များသည် မည်သည့်နေရာကိုမှ ထပ်မယိမ်းတော့ဘဲ အပြုံးများချိုမြ‌‌ဝေဆာနေသော Bee မျက်နှာတစ်ခုထဲကိုသာ အံ့ဩစွာငေးမောနေသည်။ မိုးစက်များကို သုတ်ချပစ်ရန်လည်း မေ့သွားသလိုဟန်ပင်။

     Wan အကြည့်မလွှဲနိုင်လောက်အောင် Bee ဘာကြောင့်များ ပြုံးနေရသလဲဆိုရင်....
ကားရှေ့မှန်ပေါ်သို့ တပေါက်ပေါက် ကျနေသော မိုးစက်များကို ကြည့်၍ ကလေးငယ်များ ကိုယ်သဘောကျနှစ်သက်ရာကို လုပ်‌ နေချိန်တွင် ဟန်ဆောင်မှုကင်းစွာ‌ပြုံးပျော်နေသလို ဟန်မျိုး Bee မျက်နှာတွင် အရှင်းသားပေါ်နေသည်။ Wan လည်း Bee ပြုံးနေတာကိုကြည့်လိုက် မိုးစက်ပေါက်များကျနေတာကိုကြည့်လိုက်နှင့် စကားစသည်...

" မိုးရွာနေတာကို အဲ့လောက်တောင်ကြိုက်တာလား "

" သေချာမသိပေမဲ့.... မိုးရွာနေတာကိုကြိုက်တယ်၊ မိုးကျနေတာကို ကြည့်ရတာကြိုက်တယ်၊ မိုးကျသံတွေကိုနားထောင်ရတာ ကြိုက်တယ် "

" ဒါဆို P'Wan တို့မုန့်သွားမစားဘဲ ကားထဲမှာ မိုးရွာ‌နေတာကို ထိုင်ကြည့်‌ချင်လား... ကြည့်မယ်ဆိုလည်း Ok တယ်နော် "

Wan ၏ နှလုံးသားလှမှုကတော့ တစ်လောကလုံးမှာမှ သူ့ကိုပဲ အားကိုးစရာရှိသည့်  Bee အတွက် ဘာနေနေလုပ်ပေးဖို့ တွေးနေသလားပင် ထင်ရသည်။

" ဟာ.... ဘယ်ဖြစ်မလဲ.... P'Wan က ဘာမှမှမစားရသေးတာ တစ်ခုခုသွားစားရမှာပေါ့
ဒီမိုးရေစက်တွေကိုသုတ်ပစ်ပြီး စိတ်ရှင်းရှင်းနဲ့ P'Wan စားချင်တဲ့ ဆိုင်ကိုသာမောင်းပါတော့ရှင့် "

ဟု Bee ပြောမှ Wan တစ်ယောက်ကားမောင်း၍ စာအုပ်တိုက်နဲ့နီးသော ကွပ်တီယိုဆိုင်ကိုသာ ကွေ့တီယိုစားရန်မောင်းခဲ့လေသည်။

My Love From Another CountryWhere stories live. Discover now