" MLFAC " - Chapter - 11

83 9 0
                                    

     မနက်မိုးလင်းပြီ....

မနက် ၅ နာရီခန့်ထ၍ ခရီးထွက်ရန်ပြင်ဆင်နေသော Wan...

မနက် ၆ နာရီခန့်တွင် အားလုံးအဆင်သင့်ဖြစ်၍ ချင်းမိုင်သို့ ခရီးစလေပြီ...
မိုးဖြောက်ဖြောက်လေးနှင့်အတူ ခရီးစထွက်ပါသည်။ ဘေးခုံတွင် Bee လည်းပါသည်။

     highway မမောင်းဖြစ်တာကြာပြီ...
အများအားဖြင့် ခရီးထွက်လျှင် လေယာဉ်နှင့်သာအထွက်များ၍ ကားမိုင်ဝေးသိပ်မမောင်းဖြစ်သော Wan သည် ဤခရီးအတွက်တော့
Bee ကိုငဲ့ညှာကာ ကွန်ဒိုတွင်လည်းတစ်ယောက်ထဲ မထားခဲ့ချင်၍ ခရီးကို ကားဖြင့်သွားရန်သာ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

     မိုးဖြောက်ဖြောက်နှင့်အတူ သီချင်းအေးအေးလေးတစ်လှည့်၊ ဆွေးဆွေးလေးတစ်လှည့်ဖြင့် ခရီးထွက်ခဲ့သည်။ ဒီလိုနဲ့ နေ့ခင်းချိန်သို့ရောက်ခဲ့သည်။

     ထိုအချိန်တွက် ညီလေး Kan ဆီမှ ဖုန်းဝင်လာသည်...

" Hello... P'Wan... ကျေးဇူးပါဗျ... "

" ခွေးကောင်... လေသံကိုကြားတာနဲ့
မျက်နှာ စပ်ဖြဲဖြဲကိုမြင်နေပြီ...
ငါ့ကွန်ဒိုမှာ မရှုပ်ပွနဲ့နော် ရှုပ်ပြီးရင်လည်း ပြန်ရှင်း... "

" ဟုတ်ကဲ့ပါ P'Wan ခင်ဗျ... ကွန်ဒိုရောက်ပြီ ဆိုတဲ့ အကြောင်း လှမ်းပြောတာ...
ဒါပဲနော်... "

" နေဦး နေဦး.... "

ဟူ၍ Wan သည် ဖုန်းမချခင် အချိန်မှီလေး
ပြောလိုက်ရာ Kan မှ

" ဟုတ်ကဲ့ ပြောပါခဗျ... "

" ငါ့ကွန်ဒိုမှာ မဟုတ်တာတော့ မလုပ်နဲ့နော် "

" ဪ... စိတ်ချပါခဗျ... ဟီဟီ "

ဆိုပြီးဖုန်းချသွားသည်။

     Kan သည် သူ့ချစ်သူနှင့် အတူ အကိုဖြစ်သူ ကွန်ဒိုတွင် နားအေးပါးအေး အနားယူချင်ခြင်း သပ်သပ်သာဖြစ်သည်။ ကွန်ဒိုတွင် ချစ်သူနှစ်ယောက် ဟင်းချက်၊ ရုပ်ရှင်ကြည့်၊ အပြည့်အဝ အနားယူမည့် ရည်ရွယ်ချက်သာရှိပါသည်။

     Kan ၏ ချစ်သူကောင်မလေးသည်
BL series များကိုသဘောကျနှစ်သက်သူတစ်ယောက်ဖြစ်ပြီး " Fujoshi " တစ်ယောက်လည်းဖြစ်သည်။ Kan သည်လည်း သူ့ချစ်သူနှင့် အနေများလာ၍ သူကိုယ်တိုင်လည်း BL series များကိုလိုက်ကြည့်ဖြစ်သည်။ ထို့ကြောင့် ကွန်ဒိုတွင်ကြည့်ဖို့ယူလာသော ခွေအထပ်လိုက်မှာ BL series
( Original Boxset ထဲမှပါသောခွေ ) အထပ်လိုက်သာဖြစ်သည်။

My Love From Another CountryWhere stories live. Discover now