" MLFAC " - Chapter - 6

114 11 2
                                    

" မင်း ဒီလက်ပတ်လေးကို သိလား "

ဆိုပြီး " BEE " စာလုံး လက်ပတ်လေးကို ထုတ်ပြ၍ မေးလိုက်သည်။

" ဒါ Bee နာမည်လား၊ ဘယ်လိုလုပ် P'Wan စီရောက်နေတာလဲ "

" ဒါ‌မနေ့တုန်းက အကိုတို့ စာအုပ်တိုက်ရှေ့မှာ Accident ဖြစ်ခဲ့တဲ့နေရာက ကောက်ရခဲ့တဲ့ လက်ပတ်လေးပဲ.... အကိုမထင်ထားဘူး....
လက်ပတ်ပိုင်ရှင်က N'Bee ဖြစ်နေလိမ့်မယ်လို့ "

" P'Wan ပြောချင်တာ အကိုတို့ ရုံးရှေ့မှာ Accident ဖြစ်ခဲ့တာ Bee လို့ပြောချင်တာလား "

" အကိုထင်တာမမှားဘူးဆိုရင်  Bee ရဲ့ လက်ပတ်လေး အကိုကောက်ယူခဲ့မိလို့  အကို Bee ကိုမြင်နေရတယ်လို့ထင်တယ် "

Bee တစ်ယောက် မျက်ရည်အဝိုင်းသား၊ ဝမ်းနည်းအက်ကွဲနေသော တုန်ရီသံဖြင့်

" P'Wan...., P'Wan  Bee ကို ကူညီပေးနိုင်မလားဟင် ဒါမှ Bee မြန်မြန်ထွက်သွားနိုင်မှာ.... P'Wan ကိုအပူမကပ်ချင်ပါဘူး ဒါမဲ့ အခု.... Bee မှာ P'Wan တစ်ယောက်ပဲ ရှိတော့တယ်.... "

     စာရေးဆရာပီပီ နူးညံ့သောနုလုံးသားပိုင်ရှင် Wan တစ်ယောက် ဘယ်နည်းနဲ့များ
Bee ၏အကူညီ တောင်းမှုကို ငြင်းနိုင်မလဲ။
ဒါမဲ့ Wan လည်း အလုပ်အကိုင်နှင့်လူတစ်ယောက်ဖြစ်၍ တစ်ပတ်တွင် စနေ၊တနင်းဂနွေ နှစ်ရက်မျှသာ Bee အတွက် စုံစမ်းကူညီနိုင်မည်ဖြစ်ကြောင်း Wan နှင့် Bee သဘောတူညီချက်ရလိုက်သည်။

" N'Bee, မင်းက ဗုဒ္ဓဘာသာလား "

" Bee မသိဘူး "

Wan သည် Bee လည်ပင်းက ပရိတ်ကြိုးလေးကို မြင်သွားခဲ့သည်။ (ထိုပရိတ်ကြိုးလေးမှာ အိပ်မက်ဆိုးမက်စဉ်က ဘုန်းကြီးထံ သွားရောက်တောင်းခံ၍ အန္တရာယ်ကင်းစေရန် ချည်ဆွဲခဲ့သော ပရိတ်ကြိုး။) ဒီအချက်ကိုကြည့်၍ Bee ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်စေကြောင်း အနည်းငယ်ရိပ်မိသွားသည်။

     Wan သည် Bee အားစနောက်လိုစိတ်ဖြင့်

" ဟေ့...  မင်းကဘယ်လို သရဲလည်း လည်ပင်းမှာ ပရိတ်‌ကြိုးနဲ့ ရုပ်ရှင်ထဲကလို မပူဘူးလား ဟမ်... "

ဟုရယ်၍ စလိုက်ရာ Bee မှ ချစ်စရာကောင်းစွာ မျက်မှောက်ကုပ်၍

My Love From Another CountryWhere stories live. Discover now