" MLFAC " - Chapter - 2

299 17 2
                                    

" ဟလို... မမလား ဘန်ကောက်ကိုရောက်ပြီလား ဘယ်လိုလဲ... အခုဘယ်မှာလဲ... မေမေနဲ့တွေ့ပြီးပြီလား... Lusi ဆီကိုလည်း ညီမလေးပေးခိုင်းတဲ့ လက်ဆောင်‌လေးပေးပေးဦးနော် "

အစရှိသဖြင့် တရဆက် ဆိုသလို Bow ပြောနေလေသည်။ Bow သည် အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်ဖြစ်၍ အလွန်ဆိုး အလွန်ဂျစ်သည့် တစ်မိသားစုလုံးထံမှ အလိုလိုက်ခြင်းကိုခံထားရသော သမီးငယ်လေးဖြစ်သည်။ Bee နှင့် Bow သည် အသက်
" ၅ " နှစ်မျှကွာသော်လည်း Bee မှာ လူကောင်သေး၍ Bow မှာ အစ်မဖြစ်သူထက် လူကောင်ပိုထွားသည်။

" Lusi " ဆိုသူသည် Bow နှင့် သက်တူရွယ်တူ ထိုင်းမှသူငယ်ချင်း၊ Gay တစ်ယောက်ဖြစ်သည်။ Bow သည်အထက်တန်းကျောင်းအထိ မြန်မာတွင်တက်ခဲ့သော်လည်း University တက်လျှင် သူငယ်ချင်း Lusi နှင့် အတူတူ ထိုင်းတွင်တက်မည်ဟု မိဘများ၏ ခွင့်ပြုချက်ရထားပြီးဖြစ်သည်။

     Bow သည် Bee ၏ စကားပြန်ကိုတောင်မစောင့် တရဆက်ပြောနေရာ Bee လမ်းကူးရန် အာရုံကိုရှုပ်ထွေးစေသည်။ ကံဆိုးသည်မှာ Bee သည် ငယ်စဉ်ကတည်းက လမ်းကူးရန်ကြောက်တတ်သောရောဂါရှိသည်။ Bow မှာ အစ်မဖြစ်သူ Bee တစ်ယောက်လမ်းကူးရန်ချိန်ရွယ်နေသည်ကိုမသိချေ...

     သို့ဖြစ်သောကြောင့်သာ Bee အားစကားမေးခွန်းများပြောမိခြင်းဖြစ်သည်။ သိခဲ့မည်ဆိုလျှင် Bow တစ်ယောက် Bee ထံဖုန်းမျှခေါ်မည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် Bee ၏ လမ်းကူးရန်ကြောက်တတ်သော အခြေနေတစ်ရပ်ကို ညီမဖြစ်သူ Bow ကောင်း"သိထားပြီးဖြစ်သည်။

     သို့ဖြစ်၍ Bow ၏ များပြားသော မေးခွန်းများနှင့်အတူ Bee အာရုံများပျက်ပြယ်လျက် လမ်းကူးလိုက်ရာ တစ်ဖက်ကအရှိန်ဖြင့် လာနေသောကားတစ်စီးအား မမြင်မိလိုက်ချေ...

     Bow ၏များပြားလှသော မေးခွန်းများကို Bee မဖြေနိုင်ရှာတော့ဘဲ အရှိန်နှင့်လာသောကားဖြင့် ပြင်းထန်စွာတိုက်မိလေ သည်။ Bee သည်လွန်စွာလန့်၍ မတန်တဆမောင်းလာသောကားအရှိန်ကို ကာရန် Bee ၏ ယိုင်နွှဲ့နွှဲ့မိန်းမသား အားလေးဖြင့်တားနိုင်မည်မဟုတ်ကို သတိမချပ်မိ၍ အကြောက်လန့်ကြီးစွာ လက်နှစ်ဖက်ဖြင့် မျက်နှာအားအရှိန်နှင့်ကာလိုက်သည်။ Bee လက်ထဲတွင်ရှိသော Bow နှင့်ပြောနေသည့်ဖုန်းမှာလည်း လွှင့်စင်ထွက်သွားသည်။ သိပ်ချစ်ကြသည့် ညီမနှစ်ယောက် ဆင်တူဝယ်၍ ဝတ်ထားသော Bee အတွက် Bee ဆိုသည့်စာလုံး၊ Bow အတွက် Bow ဆိုသည့်စာလုံး ပါ လက်ပတ်လေးမှာလည်း ဖုန်းနှင့်အလားတူ စင်လွှင့်၍ ပလက်ဖောင်းလူသွားလမ်းပေါ်သို့ အတည်ကျ ရောက်သွားလေသည်။ သို့သော် မည်သူမျှ သတိမချပ်မိ‌။

My Love From Another CountryOnde histórias criam vida. Descubra agora