" MLFAC " - Chapter - 12

328 10 0
                                    

လေညှင်းအေးအေးလေးများတိုက်ခတ်နေသည့်ကြားတွင် ဆံနွယ်လေးများလွှင့်လျှက်
ကျောပေးကာ ရပ်နေသော Bee အား စိုးရိမ်စိတ်ဖြင့် လိုက်ရှာနေသော Wan တွေ့သွားသောအခါမှ စိတ်ကို ဒုန်းဒုန်းချနိုင်သည်။
အတူနေ၊ အတူစား၊ အတူသွား တစ်ပတ်သာသာ‌မျှ ‌နေရသေး၊ သံယောဇဉ်များတွယ်ဖို့ အစပျိုးနေသည့်အလားပင်။

Wan သည် ခုဏက စိုးရိမ်မှုများကို Bee မသိအောင် ဖုံးဖိချင်ဟန်တူသည်။ Bee ရှိရာသို့ တဖြေးဖြေးချင်း အေးအေးဆေးဆေးပုံစံဖြင့်
လျှောက်လာခဲ့ပြီး

" မင်းက ဒီရောက်နေတာကိုး...
ဒီမှာ ဘာလုပ်နေတာလဲ... "

" ဒီလိုနေရာကို သဘောကျလို့ ဒီတိုင်းလျှောက်ကြည့်နေတာပါ... တောအုပ်သေးသေးလေးကျနေတာပဲနော်... ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင် အေးချမ်းနေတာပဲ... ကြည့်မိတဲ့သူတိုင်း စိတ်ကြည်လင်သွားစေမှာ သေချာတယ်... "

" မင်းက ဒီနေရာကို သဘောကျလို့လား "

" အင်း... အရမ်းသဘောကျတယ် "

ထိုစဉ် မိုးဖွဲဖွဲလေးကျလာသည်။ မိုးဖွဲလေးကိုကာကွယ်ဖို့ Wan သည်အပေါ်ဝတ်အင်းကျီလေးကို ချွတ်လိုက်ပြီး ‌Bee ၏ သေးသေးသောသော ကိုယ်ခန္ဓာ‌လေးပေါ်သို့ တဝက်၊
မိမိကိုယ်ပေါ်သို့တဝက် အပေါ်ဝတ်လေးကို
ဝဲချလိုက်ပြီး ပုံမှန်မဟုတ်ဘဲ နူးညံ့သောမျက်လုံးလေးဖြင့်ကြည့်ကာ

" လာ... အိမ်ပြန်ကြစို့ "

ထိုအခါ Bee သည် Wan ၏ချိုကြည်နေသောအကြည့်များကို မလွှဲနိုင်၊ နောက်တစ်ချက်မှာ
Bee ၏ ကိုယ်သေးသေးလေးသည် Wan ၏ ရင်ခွင်ကျယ်ကြီးထဲမှာ နှစ်မြုပ်နေသည်။
Bee ၏ အသိစိတ်တစ်ခုလုံးသည် နှလုံးသား၏ ရင်ခုန်ခြင်းနယ်မြေသို့ တစ်ခဏမျှရောက်သွားသည်။
အရာအားလုံး သတိလွတ်လျှက်... ။

Bee တစ်ယောက် အားလုံးကိုပြန်သတိဝင်လာချိန်တွင် အိမ်ပြန်လမ်း၏ လမ်းတဝက်
ကျိုးခန့်လောက်ကို ရောက်နှင့်ပြီးပြီ။

Wan ၏ အဖွား၊ ဖွားNuk သည် သူ၏မြေးဖြစ်သူ Wan ဘယ်ရောက်သွားသည်ကို မသိ၍ အိမ်ပြင်ဘက်သို့ ပြတင်းပေါက်မှတဆင့်ကြည့်ကာ

My Love From Another CountryWhere stories live. Discover now