48❤

7.3K 648 25
                                    

      အဖြစ်အပျက်တို့က စက္ကန့်ပိုင်း အတွင်းပင် ဆက်တိုက်ဖြစ်သွားခဲ့သည်.....မျက်စိတစ်မှိတ်အတွင်း လျှပ်တပြတ်လိုဖြစ်သွားသော ကိစ္စတို့က ရိပေါ် ဘဝကြီးကို ပြောင်းပြန် လှန်ချပစ်လိုက်သလို....လက်ထဲမှာ ကိုင်လာသော ကျန့်ကောစားဖို့နေ့လည်စာ အထုပ်က လမ်းပေါ် လွတ်ကျသွားသည်...သူ့မျက်စိရှေ့ ခွေခွေလေး လဲနေသော ကျန့်ကော ပုံရိပ်....မိုးရေတို့နဲ့ရောကာ သူ့ရှေ့သို့စီးလာသော ညိုညစ်ညစ် အရည်များ....

  "....ရှောင်း....ကျန့်....."

     ခြေလှမ်းနှစ်ဆယ်စာ အကွာ အဝေးကို သူပြေးရတာ ခြေလှမ်းပေါင်း နှစ်သောင်းလောက်ဝေးကွာ နေသလို....

"...ရှောင်းကျန့်... ရှောင်းကျန့်....ကျန့်ကော...."

     သွေးတွေရော မိုးရေတွေရော ရောထွေးနေသည့် ခန္ဓာကိုယ်က သူ့ရင်ခွင်ထဲ တဆက်ဆက်တုန်နေသလိုပင်...ဒါမှမဟုတ်..သူကပဲ တုန်နေတာလား မသိတော့.....မှေးစင်းနေစပြုနေသော မျက်တောင်တို့ကို သူ ကြောက်လန့်တကြား ကြည့်နေမိသည်....

"...ကယ်ကြပါ....တစ်ယောက်ယောက် ကယ်ပေးပါ....ကျန့်ကော....မအိပ်နဲ့နော်...မအိပ်လိုက်နဲ့နော်....ကယ်ပေးကြပါ ဗျာ...."

   ဘေးနား ဝိုင်းလာသော သူတို့ကိုလည်း သူအော်ထုတ်မိပြန်သည်...

" ဖယ်ကြ...ဖယ်ကြ...လူတွေလာ မအုံနဲ့....ကျန့်ကော..အသက်ရှုကျပ်မယ်...ဖယ်ကြ...ခင်ဗျားတို့ လာမကြည့်နဲ့..သွား....ထွက်သွားကြ..."

"မစ္စတာ....အဲ့ဒီလို မလုပ်ပါနဲ့....ကျွန်တော်တို့သူ့ကိုမြန်မြန်ဆေးရုံထဲ သယ်ဖို့လိုနေတယ်..."

    နားထဲဝင်လာသော စကားသံကြောင့် ရိပေါ် ငြိမ်သွားသည်...ဟုတ်တယ်....ကျန့်ကောကိုဆေးရုံထဲခေါ်သွားရမယ်....သူ့ရင်ခွင်ထဲ တဖြည်းဖြည်းဖြူဖျော့လာသော ခန္ဓာကိုယ်အား သူ မ လိုက်သည်....သို့သော် အားမရှိတော့သော ခြေထောက်တို့က ခွေယိုင် လဲ သွားပြန်သည်....

" တောင်းပန်ပါတယ်...တောင်းပန်ပါတယ်....ကျန့်ကော...ကျွန်တော် မကောင်းတာ..ခဏ စောင့်...ကျွန်တော် ခေါ်သွားမယ်...ခဏ ပဲ..."

    အရူးတစ်ယောက်လို ပြောလိုက် ထွက်လာသော သွေးတွေ ကို သုတ်လိုက် လုပ်နေသော ရိပေါ်ထံမှ တစ်ယောက်ယောက်က ရှောင်းကျန့် ကို ဆွဲထုတ်လိုက်သည်....

Backwards ( complete )Where stories live. Discover now