27❤

7K 729 12
                                    

     မှန်ထဲမှာပေါ်နေသော သူ့ပုံရိပ်ကို ကြည့်ကာ ရှောင်းကျန့်ဘာပြောရမှန်းပင်မသိတော့....ကြည့်ပါအုံး ညှပ်ထားတဲ့ဆံပင်ပုံကို....ရှေ့တည့်တည့်မှာ တုံးတိတိနဲ့ တိုတက်နေသော ဆံပင်က သူ့ကို လှောင်နေသလိုပင်...ကျစ်မော့ကတော့ ဘေးက တခွီးခွီး ရီနေသည်...

" ဘာရီတာလဲ..မင်းက... မရီနဲ...ဒါ ရီစရာ မဟုတ်ဘူး.."

"အော်....အေးပါ...အဟင်း....ဟီ...ဟိ..."

" မရီ နဲ့ လို့်...."

     ရှောင်းကျန့်မျက်နှာက ညိုးလာသည်....ကျစ်မော့ မျက်နှာပိုးအမြန်သတ်ရင်း..

  " ဒီလို ပုံစံဆိုလည်း ကျန့်ကျန့်က လှပါတယ်...ငါ ရိတ်စက်နဲ့ ရှိတ်လေးပြန်ထိုးပေးမယ်လေ....မိုက်သွားအောင်လို့..."

"  တော်တော့...ရပြီ..ခု ငါ့ပုံက ဘယ်လိုပုံစံဖြစ်နေပြီလဲ...ကတုံးကေ နဲ့ ဗိုက်ကြီး သယ် လား....ကိုယ့်ကိုကိုယ်တောင် မမြင်ချင်တော့ဘူး...."

" မင်းက ဆံပင်မပါတာတောင် ချောနေတာပဲဟာ....မေ့နေပြီလား....အထက်တန်းက အချောဆုံးကိုကို ပဲဟာ..."

"ဟင်း... "

  ရှောင်းကျန့်သက်ပြင်းသာ ချလိုက်မိသည်...အဲ့ဒီ ရိပေါ်ဆိုတဲ့ဟာကို ယုံမိတာကိုက ငါ့အမှား...သူ့ကိုယုံမိတိုင်း ငါ့ ဘဝက ဗြောင်းသတ်တော့တာပဲ....

"...ရိပေါ်ရော..."

"..မသိဘူး..ငါ သူ့ကို စကားပြောချင်စိတ်မရှိလို့ ထွက်လာခဲ့တာ...."

" မင်းကလည်း သူများကအကောင်းနဲ့ လုပ်ပေးတာကို..."

" ဘာအကောင်းလဲ...ခု ကောင်းလား...မင်းလုပ်ပေးမယ်ပြောတာကို သူက ဝင်လျှာရှည်တယ်..ခု..ကောင်းလား...ငါ့ဆံပင်..."

    ဘေးနားမှာ ချထားသော မှန်ကိုကိုင်ကာ ထပ်ကြည့်ပြန်သည်....ပြီးတော့ သက်ပြင်းထပ်ချမိ ပြန်သည်...

ကျစ်မော့က လက်ဖြင့်လှမ်းတို့၍ သူကြည့်တော့ အနောက်ကိုမေးဆက်ပြ၍ သူလှမ်းကြည့်တော့ ရိပေါ်...သူမသိချင်ယောင်ဆောင် နေလိုက်သည်...စိတ်ဆိုးတယ်....တကယ်ကို စိတ်ဆိုးတယ်...

"...ကျန့်..ကော..."

"........"

"ကျန့်ကော....."

Backwards ( complete )Where stories live. Discover now