63❤

7.9K 778 16
                                    


  သူ လက်ထပ်ခဲ့တယ်..သူ့ထက်ငယ်တဲ့ ယောကျာ်းတစ်ယောက်ကို   ကတိတစ်ခု အကြောင်းပြုပြီး သူလက်ထပ်ခဲ့တယ်...ပြီးတော့ သူ့ကိုယ်သူတောင်သတိမထားမိပါပဲနဲ့ အဲ့ဒီယောကျာ်းအပေါ် သံယောဇဉ် တွယ်ခဲ့တယ်...ကံကြမ္မာ မလွှဲရှောင်သာလို့ အဲ့ဒီယောကျာ်းနဲ့ရခဲ့တဲ့ ကိုယ်ဝန်ကိုလည်း သူသိပ်ခင်တွယ်ခဲ့တယ်....ဒါပေမယ့် သူ့ခေါင်းထဲအဆက်မပြတ်သတိပေးနေတဲ့ ကိစ္စတစ်ခုရှိတယ်..သူ သံယောဇဉ် တွယ်မိတဲ့ယောကျာ်းမှာ ချစ်ရတဲ့သူရှိတယ်....ဇာတ်သိမ်းမှာ သူဟာ တစ်ယောက်ထဲထွက်သွားရမယ့် သူဆိုတာလည်း သိတယ်....နောက်ဆုံး သူ ချစ်ရတဲ့ယောကျာ်းက သူချစ်တဲ့သူကို ရွေးချယ်သွားတဲ့အချိန်မှာ သူ့အတွက်ဖြေသိမ့်စရာဆိုလို့ ကလေး လေး တစ်ယောက်သာရှိခဲ့တယ်....ဒါပေမယ့်...ဒါပေမယ့်...ကံကြမ္မာက သူ့ကို မျက်နှာသာ မပေးခဲ့ဘူးပဲ...

"..ကလေးလေး...ပြန်လာခဲ့လေ...ပြန်လာခဲ့ပါ...ပါး..ပါး..ရှိတယ်လေ..."

တစ်ခုသော အလင်းစက်လေးနောက် ရှောင်းကျန့်ပြေးလိုက်ခဲ့ရတာ ခြေကုန်လက်ပမ်း ကျချင်နေပြီ....ဒါပေမယ့်..သူတက်နိုင်သလောက်လိုက်အုံးမှာပဲ..ဒီအလင်းစက်လေးတစ်ခုသာ သူ့မှာ ကျန်တော့တာမို့...

"...ပန်း...သီး..လေး..."

    ချွေးစေး တွေပျံပြီးထိန့်လန့်တကြားအော်ဟစ်နေတဲ့ ရှောင်းကျန့်ကို ရိပေါ် ထွေးဖက်ထားလိုက်သည်.....ပူကျစ်နေတဲ့ ခန္ဓာကိုယ်က အဖျားမကျနိုင်သေးဘူးဆိုတာ ပြနေ၏....

" ပန်းသီးလေးလည်း ရှိတယ် ကျန့်ကော..ဘာမှ မပူနဲ့နော်..."

ရုန်းကန်နေသော ရှောင်းကျန့် လက်တို့ငြိမ်ကျသွားသည်....ချွေးစေးများနှင့်နီရဲနေသော မျက်နှာလေးက မဲ့တဲ့တဲ့...

"ဘယ်လိုလဲ...အခြေအနေ..."

" ဆေးတိုက်ထားပေမယ့် အဖျားကျမလာသေးဘူး..ကယောင်ကတန်းတွေ အော်နေတယ်.."

    အခန်းဝက လှမ်းမေးသော ကျစ်မော့အမေးကို ရိပေါ် ရှောင်းကျန့်နဖူးမှာသီးနေသောချွေးတို့ကိုသုတ်ရင်း ဖြေလိုက်သည်...

"...သက်သာ သွားမှာပါ.....ငါပေးထားတဲ့ဆေးသာ ဝင်အောင်တိုက်ပေး....ကဲ..ငါပြန်တော့မယ်...အရေးအကြောင်းဆို ဖုန်းဆက်လိုက်....အန်တီရှောင်းစိတ်မပူအောင် ငါပြောထားမှာမို့ မင်းစိတ်မပူပါနဲ့..."

Backwards ( complete )Where stories live. Discover now