3❤

9.6K 956 0
                                    

ဘုံကျောင်း လှေကားထစ်ပေါ် တစ်လှမ်းချင်း တက်နေတဲ့ မားလက်မောင်းကို ကူတွဲပြီး ရှောင်းကျန့် မားကို ငေးကြည့်မိသည်။ နားသယ်စပ်မှဆံစ များပင် ဖြူစပြုနေသော ခပ်ဖိုင့်ဖိုင့် အမျိုးသမီး မျက်နှာက ရင့်ကျက်တည်ငြိမ်မှုများဖြင့် အပြည့်.....ပါး ဆုံးပြီးကတည်းက ခေါက်ဆွဲဆိုင်ထဲမှာပဲ မားဘဝမြုပ်နှံထား ကတည်းက ပါးနဲ့မားရဲ့ သံယောဇဉ် အတိမ်အနက်ကို ရှောင်းကျန့် ပို သိလာရသည်....ပါးရှိတုန်း တလျှောက်ကလည်း ပါးနဲ့မား ကြား ရန်ဖြစ်သံမပြောနဲ့ အခြေအတင်ငြင်းခုံ သံတောင် ရှောင်းကျန့်တို့ မကြားဖူးခဲ့......အရာရာ စိတ်တူ ကိုယ်တူ ဖြစ်သော သည်ဇနီးမောင်နှံက တကယ့်ကို နတ်ဖတ်တဲ့စုံတွဲ အလားပင်.....ပါးဆုံးတော့ မားကို စိုးရိမ်စိတ်နှင့် ရှောင်းကျန့်တို့မောင်နှမနှစ်ယောက် အရိပ်တကြည့်ကြည့် နေခဲ့ရပေမယ့် မားက သူတို့ထင်တာ ထက်ပင်ပို၍ စိတ်မာနေသေးသည်.....ပါးသဘောကျတဲ့ ခေါက်ဆွဲ ဆိုင်လေးကြား စိတ်ရောကိုယ်ပါမြုပ်နှံပစ်လိုက်တာက လွဲလို့ပေါ့....

     မားတို့အိမ်ထောင်ရေးကို ကြည့်ပြီးရှောင်းကျန့်လည်း အားကျရပါသည်...သူလည်းတစ်နေ့ ဒီလို နတ်ဖတ်တဲ့ ဖူးစာဖက်လေးများရ ခဲ့ရင်ဘယ်လောက်ကောင်းမလဲ....ဘုံကျောင်းရောက်ရင် ဖူးစာရေးဘိုးဘိုး ကြီးဆီမှာလည်း ဆုတောင်းအုံးမှပါလေ.....တွေးရင် ပြုံးမိသွားသည်မို့ သူ့အပြုံးကိုမြင်သွားသော မားက...

"ဘာတွေများ...သဘောကျသွားတာတုန်း....ကျန့်ကျန့်က"

"ဘာ မှ မဟုတ်ပါဘူး...မားရယ်....ဖြေးဖြေးလျှောက်....မား...အပေါ်ရောက်ခါနီးဆိုတော့ လှေကားက မတ်လာပြီ...."

"အင်...အသက်ကြီးလာလို့နေမှာ..တက်နေကျ..လှေကားတောင်မောချင်လာပြီ..."

"ဘယ်ကလား ရှောင်းအဒေါ်ကြီးကအသက်မကြီးသေးပါဘူး....ဆံပင်လေးသာ ဆေးဆိုးလိုက်ရင် ဒီမြို့ကကောင်လေးတစ်ယောက် ခေါင်းခေါက်ပြီးယူလို့ ရပါသေးတယ်..."

"တယ်...ဒီကောင်လေး...ပေါက်ကရပြောတော့မယ်.....မား က မယူတော့ပါဘူး...ကျန့်ကျန့်ယူမယ့်သူကိုပဲ စောင့်နေပါတယ်နော်.."

"မား....သားက ဒါတွေစိတ်မဝင်စားသေးဘူး..မားနားမှာပဲ ချွဲချင်သေးတာ..."

Backwards ( complete )Where stories live. Discover now