18❤

8.2K 820 20
                                    


  အမြန်လာပါဆိုသောကျန့်ကျန့် ဆီက အမှာစကား ရောက်သည်နှင့် ရှောင်းမား ချက်ချင်ထလိုက်လာခဲ့လိုက်သည်..ဘာပြသနာများရှိလို့ပါလိမ့်..အနေအေးသော သူမသား က ဖုန်းဆက်တိုင်း ဝမ်အိမ်ကသူ့ကို ဘယ်လို အလိုလိုက်တယ်ဆိုတာတွေပဲပြောနေကျ...ခုမှ ချက်ချင်းလာပါ ဆိုတော့..

သားငယ်လေး ဝမ်အိမ်မှာ လိုက်နေရတယ်ဆိုတာ သူမပယောဂ လည်းမကင်းတာမို့ ကျန့်ကျန့်ရဲ့အမြန်လာ ဆိုတဲ့ massage ရတာနဲ့တပြိုင်တည်း ရှောင်မား ဘာကိုမှမစဉ်းစားတော့ပဲ အိမ်ကထွက်လာခဲ့တော့တယ်.....

  ဟိုရောက်တော့ ဝမ်မားကိုယ်တိုင် လေဆိပ်မှာ လာဆင်းကြိုနေလေရဲ့...သူမကို တွေ့တော့ လက်ယမ်းပြပြီး အထုပ်ကိုကူဆွဲကာ...

" မဒမ်ရှောင်းက တော့ အသက်ကြီးလာလည်း အလှမပျက်ပါလားကွယ်...ခန့်ခန့်ထည်ထည်ရှိလွန်းတယ်.."

"မမြှောက်ပါနဲ့ မဒမ်ဝမ်ရယ်...ကျွန်မ လှတယ်ဆိုတာ မဒမ်ဝမ်ကို မီပါ့မလား..."

     ပြီးတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရီမိကြသည်....

"သွားရအောင်...အိမ်မှာ သားတွေစောင့်နေတယ်..."

"အင်..အင်...ဘာကိစ္စလဲဆိုတာ ပြောသေးလား..."

"မပြောဘူး....ကျွန်မကို လည်း ဒီနေ့အလုပ်မသွား ခိုင်းဘူး..သူတို့ ဘာပြောမလို့လဲမသိဘူး...နားထောင်ကြည့်ကြတာပေါ့..."

 
  ဝမ် အိမ်ကိုရောက်တော့ ပေါ်တီကိုအောက်မှာစောင့်နေတဲ့ရှောင်းကျန့်က ရှောင်းမားမားကို ပြေးဖက်တော့တာပဲ...

"...မား...."

" အမလေး...ဖြည်းဖြည်းဖက်ပါ့ကွယ့်...မားလဲကျတော့မယ်.."

အရပ်ကြီးကလန်ကလားနဲ့အတင်းလာဖက်တဲ့ ရှောင်းကျန့်ကျောကို ပုတ်ရင်း...

"ကြည့်စမ်း...မားကို တော်တော်လွမ်းလို့လား...ပိန်သွားတယ်.."

"ဟုတ်တယ်...အရမ်းလွမ်းတာပဲ..."

"ကဲ...အိမ်ထဲရောက်မှ ထပ်လွမ်းကြပါကွယ်....ကျန့်ကျန့် မေမေက ခရီးပန်းလာတယ်လေ...အိမ်ထဲခေါ်လိုက်ပါအုံး..."

"ဟုတ်.. အန်တီဝမ်..လာ..မား..."

   ကျန့်ကျန့်ဆွဲခေါ်ရာနောက်ကို ရှောင်းမား ပါသွားတော့တယ်...ဧည့်ခန်းမှာတော့ ရပ်နေတဲ့ ဝမ်ရိပေါ်...သူမကို တွေ့တာနဲ့....

Backwards ( complete )Donde viven las historias. Descúbrelo ahora