23❤

6.9K 710 4
                                    

   ဆေးခန်းက ထွက်လာသောရိပေါ်တစ်ယောက်နာနေသော ခါးကို အသာထုရင်း ကားပေါ်တက်ထိုင်လိုက်သည်...ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းကို လာသင်တော့ သင်ပေးတဲ့ဆရာမက ကိုယ်ဝန်သည်တွေရဲ့ဒုက္ခကို စာနာနိုင်အောင်ဆိုပြီး သူ ဗိုက်မှာ တကယ့် ကိုယ်ဝန်သည်တစ်ယောက်ရဲ့ဗိုက်အလေးချိန်နဲ့ ညီမျှတဲ့ ဗိုက်အတုတစ်လုံးတပ်ပေးလိုက်လေရဲ့....ထို ဗိုက်ရဲ့အလေး ချိန်ကြောင့်ရော သူ လိုက်လုပ်တဲ့နည်းမမှန်တာရောပေါင်းပြီး ခါးကြော ပဲ ညှပ်သွားတယ်....စောင်းငန်း စောင်းငန်းနဲ့ ခါးမျက်သွားသော ရိပေါ်ရဲ့ သင်တန်းကို ဖျက်လိုက်ရပြီး အိမ်ပြန်ဖို့ပဲ စဉ်းစားရတယ်.....

   ခုန က မား ဖုန်းဆက်တယ်....ရှောင်းကျန့်သွေးပေါင် ကျနေပြန်ပြီတဲ့....ဆရာဝန်မှတဆင့် အိမ်မှာ ရှိတဲ့နစ်ပ် လိုအပ်တဲ့ဆေးဝါးတွေ ညွုန်ကြားပေးလိုက်လို့ အညွှန်းအတိုင်း ဆေးတိုက်ပြီး အနားယူထားခိုင်းတယ်လို့ ဖုန်းဆက်လာတယ်...အဲ့ဒီကျန့်ကောဟာ....အစားအသောက်အရမ်း ဂျီးများလွန်းတယ်...သူနေချင်တဲ့ စကားဖြူ စံအိမ်ကို အမြန်ဆုံး ပြောင်းပေးဖို့ ရိပေါ်စဉ်းစားရတော့မယ်.....မားကတော့ ဆေးရုံနဲ့ အလှမ်းဝေးလို့ သိပ်စိတ်မချဘူး...ဒါပေမယ့် ကျန့်ကော အဲဒီမှာနေတာပိုအဆင်ပြေတယ်ဆိုတော့လည်း တစ်မျိုး စဉ်းစားရမှာပေါ့......

       ကားမောင်းရင်း ခါးကို ခပ်ဖွဖွထုမိတော့ ကိုယ်ဝန်ဆောင်တာ ကျန့်ကောအတွက် အဆင်ပြေရဲ့လားဆိုတာ သူပထမ ဆုံးတွေးမိသွားတယ်...အစကတော့ သူ့ဘက်က လိုလေသေးမရှိဖြည့်ဆည်းပေးရင် အကုန်အဆင်ပြေမယ်လို့ထင်ခဲ့ပေမယ့် ခုတော့ သူကျန့်ကောဘက်က ခံစားရတဲ့ဝေဒနာတွေကို သူကိုယ်ချင်းစာ မတွေးပေးခဲ့ ဘူးပဲ....တကယ်ဆို ကျန့်ကောလည်း ယောကျာ်းတစ်ယောက်.... ယောကျာ်းချင်းတူတူ တစ်ခြားတစ်ယောက်ရဲ့သွေးသားကို ကိုယ်ဝန်ဆောင်ထားရတာ သူ့အတွက် နာကျင်စရာဖြစ်မှာပဲ....ပြီးတော့ ခု ရိပေါ်ခံစားရသလို လေးလံနေတဲ့ဝေဒနာတွေဆိုတာ ရှေ့လျှောက် ကျန့်ကောခံမယ့်ဝေဒနာတွေ...ခုတောင် လေးလကျော်ငါးလထဲ ဝင်လာတဲ့အထိ morning sickness က ကောင်းကောင်း မပျောက်သေးတဲ့အပြင် ခြေ လက်လေးတွေကပါ ဖော ရောင် စပြုလာပြီ.....ဒီလပိုင်းတွင်း ရိပေါ်လည်း သူ့ကိုယ်သူထက် ရှောင်းကျန့်ကို ဗဟိုပြုနေရတာများတော့ ရှောင်းကျန့်တကိုယ်လုံးကို မြေပုံညွှန်း ဖတ်သကဲသို့အသေးစိတ်လေ့လာ တက်နေပြီဖြစ်သည်.....

Backwards ( complete )Where stories live. Discover now