34❤

6.8K 672 3
                                    

      အသက်ကယ် ကိရိယာတွေကြားမှာ ငြိမ်ငြိမ်သက်သက် လဲလျောက်နေတဲ့ ဖွားဖွားဘေးမှာ ရိပေါ် အသက်မရှိသလို ငြိမ်နေမိတယ်...မနေ့က မနက်ပိုင်း အိမ်ကိုခဏ သွားတဲ့အချိန်ထိ ဖွားဖွားက သူနဲ့ ရှောင်းကျန့်ကို စနောက် နေတုန်းပဲရှိသေးတယ်.....ခု ညနေပိုင်း မှ အကောင်းကြီးကနေ ရုတ်တရက် လဲကျသွားရာက သတိပြန်မရလာသေးဘူး....

    အရေတွေတွန့်နေတဲ့ ဖွားဖွားလက်ကို ရိပေါ်ကိုင်လိုက်တော့ လက်ဖျားလေးတွေက နည်းနည်း အေးစက်နေတယ်...သူ့လက်နဲ့ ထွေးထားပေးပေမယ့် မနွေးလာခဲ့ဘူး....

    ဖွားဖွားက သူတို့ဆီကနေထွက်ခွာဖို့စောလွန်းပါသေးတယ်.....နှလုံးခုန်စက်က နေတတီတီမြည်နေတဲ့အသံ သေးသေးလေးက ရိပေါ် နှလုံးသားကို တုန်လှုပ်စေတယ်...

   "...ဖွားဖွား...ပြန်လာခဲ့နော်...ပန်းသီးလေးတောင် မလာသေးဘူး...ဖွားဖွားထွက်မသွားရဘူးနော်..ဖွားဖွားထွက်သွားရင် သား....သား ဖွားဖွားရဲ့ မုန့်တွေအကုန်စားပစ်မှာ....ဗိုက်တွေအင့်ကုန်တဲ့ထိ..."

   ကလေးကလား သူ့စကားကို ဖွားဖွားကြားရင် တခိခိနဲ့ရီနေအုံးမှာ....ဖွားဖွားရီသံကိုအပြင်မှာတကယ်ကြားချင်တယ်...ရိပေါ် ငယ်ငယ်တည်းက ဖွားဖွား နဲ့အတူကြီးပြင်းလာခဲ့တာ...မားမား က သူ့ကို မွေးရုံလေးပါပဲ....မွေးကင်းစကနေ ဘဝတစ်လျောက် ဖွားဖွားက သူ့အရိပ်လိုပဲ ရှိနေခဲ့တာ.....

    ပထမဆုံးကျောင်းတက်တုန်းကလည်း ဖွားဖွားလက်ဆွဲပြီးကျောင်းသွားခဲ့တာ..မားမားရိုက်လို့ ကာကွယ်ပေးသူက လည်းဖွားဖွားပဲ....ဖျားရင်တောင် ဖွားဖွားတိုက်တဲ့ဆေးသောက်မှ ပျောက်ခဲ့တာ...

     မျက်လုံးမှာ စိုစွတ်လာတဲ့ မျက်ရည်တွေကို ရိပေါ် သုတ်လိုက်တယ်....သူ့ပခုံးပေါ် လက်တစ်ဖက်ရောက်လာလို့ ကြည့်မိတော့ မား...

   "မား...ဆရာဝန်ကြီးက ဘာပြောလဲ..."

    ဖူးယောင်နေတဲ့ မျက်ခွံများနဲ့ ဝမ်မား ကတစ်ချက်ရိုက်ရင်း...

"...ဒီတည ထက်စောင့်ကြည့်တာပေါ့တဲ့...တကယ်လို့..."

" တကယ်လို့..ဘာဖြစ်လဲ..မား..ဘာဖြစ်မှာလဲ...."

Backwards ( complete )Where stories live. Discover now