20 ❤

7.9K 748 3
                                    

   "ယုန်ညိုလေး ဗိုက်ထဲမှာ ယုန်ကလေး ရှိတော့ ယုန်ညိုလေး မအီမသာ ဖြစ်နေမှာပဲ....အိမ်ထဲမှာပဲ မနေနဲ့လေ...လေကောင်းလေသန့်ရတဲ့ နေရာ မှာ စိတ် လန်းဆန်းအောင်နေလေ..."

   ဖွားဖွား ပြောသလိုပဲ...ရှောင်းကျန့်လည်း ဒီအိမ်ဒီခြံထဲမှာနေရတာ ငြီးငွေ့လှပြီ....ဒီလိုနဲ့ပဲ ရိပေါ်နဲ့ ရှောင်းကျန့်တို့ နှစ်ယောက်တည်း ခရီးတိုလေး ထွက်ဖြစ်တယ်....မြို့လေး ရဲ့ အနီးမှာပဲရှိတဲ့ ဝမ် မိသားစုပိုင်တဲ့ လက်ဖက် စိုက်ခင်း ခြံကိုပါပဲ..ဒါပေမယ့် အဲ့ဒီခြံရဲ့ သာယာပုံက မြို့ပေါ်မှာတောင်နာမည် ကျော်ကြားတယ်လေ....မြို့ပြင် တောင်ကုန်းတွေမှာ မျက်စိတစ်ဆုံးရှိနေတဲ့ လက်ဖက်စိုက် ခင်းကြီးအပြင် သဘာဝ မပျက်ထိန်းသိမ်းထားတဲ့ မျိုးနွယ်ပိုင် ခြံကြီး လည်းရှိတယ်...အဲ့ဒီခြံထဲမှာ ဝမ်မိသားစုရဲ့ လက်ဖက်လုပ်ငန်းအဆင့်ဆင့်ဖြစ်ပေါ်လာပုံကိုပြထားတဲ့ ပြတိုက်ကလေး လည်းရှိသလို နှစ်ရှည် ရှားပါးတဲ့ပင်တွေ လည်း အများကြီးရှိနေတာမို့ ပြည်နယ်အစိုးရကတောင် အသိအမှတ်ပြုတာခံထားရတဲ့ ခြံကြီးလည်းဖြစ်တယ်...

   ခု....ရှောင်းကျန့်တို့ အဲဒီခြံကို ခရီးတိုလေး ထွက်လာတာပဲ....မြို့ထဲက တိုက်တွေ မီးခိုငွေ့တွေကိုကျော်လွန်ပြီးတဲ့နောက်မှာတော့ သစ်ပင် တွေ ခြံရံနေတဲ့ မြင်ကွင်းစိမ်းစိမ်းတွေ ဖြတ်တိုက်လာတဲ့ လက်ဆတ်တဲ့လေအေးအေးလေးတွေက ရှောင်းကျန့် စိတ်ကို တကယ်ပဲ ပျော်ရွှင်စေတယ်...ကားတံခါးအပြင်ဘက်ကို ခေါင်းထုတ်ပြီး လေအေးအေးကိုအားရပါးရ ရှုလိုက်တော့ ခေါင်းထဲက ငြီးစီစီ ဖြစ်နေတဲ့ အရာတွေအကုန်ပျောက်သွားရော...ချက်ချင်းလန်းဆန်းလာတဲ့ ရှောင်းကျန့်မျက်နှာလေးက ရေထိ ထားတဲ့ ကြာပန်းလေး လိုပဲ....နူးညံ့တယ်....သိမ်မွေ့တယ်......စွဲဆောင်မှု တစ်ခု လည်း ရှိတယ်...ပြီးတော့ အဲ့ဒီစွဲဆောင်မှုက သိပ်ကြည်လင် လွန်းတယ်...

      ကားကို သတိထားမောင်းနေရင်မှ ရိပေါ်က...

" ကျန့်ကော...တစ်ခုခု စားအုံးမလား...ဒေါက်တာက မှာထားတယ်လေ...မစားချင်လည်း နည်းနည်း ချင်းဝင်အောင် စားလို့....ခု..တစ်ခုခု ထပ်စားအုံးမလား..."

Backwards ( complete )Where stories live. Discover now