43❤

6.6K 641 3
                                    

   အန်နာ မျက်နှာကို အငယ်ဆုံးထားလိုက်သည်...အကြိမ်ကြိမ်လေ့ကျင့်ထားသော မျက်ရည်တို့က ဝေ့ခနဲ ဝိုက်တက်လာ၏...မျက်နှာကို ငုံ့လိုက်ရင်း....

"...ရှောင်းကျန့်ကော...ကြားသွားတာလား..."

    သူရှေ့မှ မျက်နှာကို ငုံ့ထားသော မိန်းကလေးကိုကြည့်ကာ ရှောင်းကျန့်ရင်ထဲ ဆို့ နေသလို ခံစားလိုက်ရသည်.....မရည်ရွယ်ပေမယ့် သူ့ဖာသာ ဝေ့လာသော မျက်ရည်တို့ကို သူမ မသိအောင် သုတ်ရင်း....

"....ကျွန်တော် ဘယ်လို လုပ်ပေးရမလဲ....အန်နာ....ကျွန်တော်ဘာကူညီပေးရမလဲ..."

   အန်နာက သူ့ကို ဘာမှ ပြန်မပြော....ရှောင်းကျန့်လည်း ဘယ်လို လုပ်ပေးရမလဲမသိတော့...ခု..သူပုံစံက မယားကြီး နေရာ ရောက်နေသလိုလို....ဝမ်ရိပေါ်...ဝမ်ရိပေါ်....ခဏလေး..လပိုင်းလေးပဲ စောင့်လိုက်ရင် အဆင်ပြေနေပြီကိုကွာ...

   နိုင်ငံခြားက ပြန်လာတဲ့အန်နာကို တွေ့ပြီးနောက်ပိုင်း အန်နာနှင့်ဝမ်ရိပေါ် ပြန်တွဲနေတာကို ရှောင်းကျန့်သိပါသည်....တစ်ခါတစ်လေ သူ့ မေလ်းထဲရောက်ရောက်လာသည့် အန်နာနှင့်ရိပေါ်တို့၏ တစ်ချို့တစ်ချို့သော ဓာတ်ပုံများ မှတစ်ဆင့် အန်နာနှင့်ဝမ်ရိပေါ်တို့၏ဆက်ဆံရေးကို သိနေရသည်.....တစ်ချို့သော ဓာတ်ပုံများက သူ့ရင်ကိုပင် တဆစ်ဆစ်နာကျင်စေလောက်သည့်အထိ ဖြစ်စေသည့် ပုံများလည်းပါသည်..တစ်ခါတစ်ရံ အိမ်ပြန်နောက်ကျတိုင်း ရိပေါ်ကိုယ်ပေါ်ကပ်ပါလာတက်သည့် စိမ်းသက်လွန်းသည့်ရေမွှေးနံ့တစ်ချို့က ခု သူရှုရှိုက်နေရသည့် ရေမွှေးနံ့နှင့်ထပ်တူကျနေပါသည်.....ဒါပေမယ့်...ရှောင်းကျန့်မှာ ဘာစောဒက တက်ပိုင်ခွင့်ရှိသလဲ...အရင်ကတည်းက သူများ ရည်းစား လုထား သလို ဖြစ်နေသည့်အနေအထားမို့ ရှောင်းကျန့်မှာ တားမြစ်ပိုင်ခွင့်လည်းမရှိ....အချိန်တန်ရင် သူတို့နှစ်ယောက်ထဲ သဘောတူထားချက်အတိုင်း ကိုယ်စီ အိမ်ပြန်ကြမည့် သူများမို့်. တစ်ခါတစ်ရံ ပိုင်ဆိုင်လိုစိတ် လောဘကို ချိုးနှိမ်ပြီး မသိချင်ယောင်ဆောင်ခဲ့ရသည့်နေ့တွေ အများသား....

     ဟိုတနေ့က ဆေးရုံမှာ ရေခဲမုန့် သွားဝယ်နေသည့် ရိပေါ်ကို စောင့်နေတုန်း လသာဆောင်ကပြသနာကို သူ မကြားချင်ယောင်ဆောင်ဖို့အတွက် လမ်းလျှောက်အထွက် အိုဂျီ ခန်းထဲက ထွက်လာသော အန်နာကို တွေ့လိုက်ရသည်.....နာစ့်မ ပြောသမျှကိုနားထောင်နေသော အန်နာ့ နောက်မှာ သူရပ်မိတော့ရှောင်းကျန့်ကြားလိုက်ရသည့်က ကိုယ်ဝန်ဆောင်ချိန် ပြုလုပ်ရမည့်အချက်များ နှင့် အိုဂျီများ၏ ဆေးခန်းပြရန် အချိန်များ.....နားနှင့်ဆက်ဆက်ကြားတုန်းက ရှောင်းကျန့်ရပ်နေရာက လဲ ပင်ကျသွားချင်အောင်ဖြစ်မိသည်...ဒါပေမယ့် မသေချာပါဘူးလေ ဆိုပြီးအားတင်းနေခဲ့သမျှ ယခု သူ့ရှေ့ မျက်ရည်ကျနေသော မိန်းကလေးကိုကြည့်ပြီး ရှောင်းကျန့်တင်းထားသော နောက်ဆုံးအားတို့ပင် ကုန်ခမ်းသွား တော့သည်...ဘယ်မိန်းကလေးက သူ့သိက္ခာကိုချနင်းပြီး ဒီလို ကိစ္စကို လိမ်ညာပြောဆိုမှာလဲ....

Backwards ( complete )Where stories live. Discover now