60❤

7.7K 694 45
                                    

   တလမ်းလုံး ဝမ်ရိပေါ်လက်ကို တွဲပြီးလျှောက်လာလိုက်တာ တောင်ထိပ်က ဘုံကျောင်းလှေကား တွေ တက်ပြီးတဲ့အထိပဲ...အစက ရှောင်းကျန့်က ဝမ်ရိပေါ်လက်ကို တွဲထားတာ ဆိုပေမယ့် ဘယ်လိုဖြစ်သွားတယ်မသိဘူး....ဘုံကျောင်းဝရောက်တော့ ဆုပ်ကိုင်ခံထားရလို့ ချွေးနည်းနည်းထွက်နေတဲ့ရှောင်းကျန့်လက်က ဝမ်ရိပေါ်လက်ဖဝါးထဲမြုပ်လို့.....

    သူဝမ်ရိပေါ်ကို လှမ်းကြည့်လိုက်တော့ တောင်ပေါ်တက်ခဲ့ရလို့ နထင်နားချွေးနည်းနည်း စို့နေတာကလွှဲ မျက်နှာက ကြည်ကြည်လင်လင်ပဲ....ဒါကြောင့် ရှောင်းကျန့်က လက်ကို ရုန်းထွက်ဖို့ပြင်တော့ ဝမ်ရိပေါ်က အသေအချာဆုပ်ကိုင်ထားလေရဲ့...ဘာသဘောလဲ ဒါက.....

" တောင်ပေါ်ရောက်တော့နည်းနည်းအေးတယ်နော်...ကျန့်ကော.."

" အင်...ဟုတ်တယ်...မိုးနဲ့ဆောင်းဆိုဒီတောင်ပေါ်မှာတိမ်ငွေ့တွေကြီးပဲ...တစ်မျိုးလှတယ်...ခုနွေရာသီလည်း တစ်မျိုးလှတာပါပဲ..."

   ရှောင်းကျန့်လက်ကို မသိမသာရုန်းထွက်နေရာက ရပ်ပြီးဝမ်ရိပေါ်မေးခွန်းကိုဖြေလိုက်တယ်...သူ့လက်က ဝမ်ရိပေါ်ဆုပ်ထားလို့ ပူလှပြီ...သူတို့နှစ်ယောက် ရုန်းလိုက် ဆွဲလိုက်နဲ့ပဲ ဘုံကျောင်းထဲရောက်လာတော့တယ်.....

" ကျွန်တော်.. အမွှေးတိုင်သွားယူအုံးမယ်..."

"..အင်.."

"အဲ့ဒါ.. ကျွန်တော့် လက်ကို လွှတ်တော့..."

"...အော.."

   အဲ့ဒီအခါမှ ဝမ်ရိပေါ်သူ့လက်ကို လွှတ်ပေးတော့တယ်....လေးဆယ့်ငါးမိနစ်လောက် မလွှတ်တမ်း ဆုပ်ကိုင်ထားခံရလို့ နီရဲပြီးချွေးပျံနေတဲ့ သူလက်ကို လေနဲ့အသာမှုတ်ရင် ဘုံကျောင်း စောင့် ဦးလေးကြီးဆီမှာ အမွှေးတိုင် သွားယူလိုက်တယ်..သူ့ကို မှတ်မိပုံပေါ်တဲ့ဦးလေးကြီးက သူ့ကိုပြုံးပြရင်း....

"မလာတာကြာပြီရော..ငါ့တူက..."

"ဟုတ်...နေမကောင်းတာကြောင့်ရော..အလုပ်ကိစ္စတွေကြောင့်ရော...မရောက်ဖြစ်တာပါ..မားမားတော့လာတယ်မဟုတ်လား..."

"အင်..အမကြီးကိုတော့ မကြာခဏ လိုလိုတွေ့ပါတယ်....ခုရော အမကြီးမပါဘူးလား.."

Backwards ( complete )Tahanan ng mga kuwento. Tumuklas ngayon