"သားကို ကိုယ်ဝန်ဆောင်တုန်းကဆို မား အရမ်းသက်သာတာပဲ...ဗိုက်ကြီးသယ် လို့ တောင် ကိုယ့်ဟာကိုယ်မေ့နေတဲ့အထိ ပေါ့ပါးနေတာ...မွေးတော့လည်း လွယ်မှလွယ်...သူများတွေလို အသည်းအသန်အော်ဟစ်နေရတာမျိုး မရှိဘူး...မေမေတောင် သိပ်အားစိုက်စရာမလိုဘူး...သားဖာသာ ထွက်လာတာ...."
ရှောင်းကျန့်ကုတင်ပေါ်မှာ လဲလျောင်းရင်းမားပြောပြသည့် သူ့အကြောင်းကို နားထောင်နေမိသည်....
"...ဟုတ်လား...မမ ကရော..."
"သူလား...သူက ငပျင်း....ဗိုက်ထဲက ထွက်လာဖို့တောင်ပျင်းနေလို့ အပြင်ကနေ ဆွဲထုတ်ရတယ်...မွေးကတည်းက ပျင်းတာ..."
"...မား...မားကလေ...သမီးကိုဆို ပြောရော့မယ်..."
အသီးခွဲနေသော မမက မားမားကို မျက်နှာဆူပုတ်ပုတ်ဖြင့် လှမ်းပြောနေသည်....ရှောင်းကျန့် ရီလိုက်ရင်...
" မမ....မမ အပျင်းကြီး တယ်ဆိုတာကတော့ ကျွန်တော်လည်း လက်တွေ့မို့ ယုံပါတယ်နော်..."
ရီဟဟ ဖြင့်ပြောသော ရှောင်းကျန့်ကြောင့် ရှောင်းဟုန် တစ်ယောက် ခွဲလက်စ အသီးကို ချလိုက်ရင်း...
" အိုင်း...အဲ့ဒါ အရင်က ပါဟဲ့...နင်ကလည်း....ခုတော့ ငါ့မှာ ယားလို့ ကုတ်ချိန်တောင်မရှိပါဘူးဟယ်.."
မိသားစု သုံးယောက် ရီရီမောမော စကားပြောနေကြစဉ် ရုတ်တရက်သူ့ဆီဝင်လာသော ဖုန်းသံကြောင့် ရှောင်းကျန့်ကောက်ကိုင်လိုက်တော့....
"...ဟယ်လို..."
"ရှောင်းကျန့်ကော....အန်နာ..ပါ..."
"......အင်..သိပါ..တယ်....ပြောပါ..အန်နာ.."
မေမေ နှင့်မမ က မသိမသာ နားစွင့် နေ၍ ရှောင်းကျန့် အခန်းပြင်ထွက်လိုက်သည်....မားရဲ့ ဖြည်းဖြည်းသွား ဆိုသော အသံနှင့် မမ ရဲ့ ငါလိုက်ခဲ့ရမလား ဆိုသည့် အသံများကို လက်ကာပြကာ ဆေးရုံကော်ရစ်တာ သို့ လမ်းလျှောက်ထွက်လိုက်သည်....
"...ရှောင်း ကျန့် ကော...အန်နာလေ...အန်နာ...သိပ်ဝမ်းသာ တာပဲ...သိလား....အန်နာက အပေါင်းအသင်း သိပ်မရှိတဲ့သူမို့...ရှောင်းကျန့်ကောနဲ့ အပျော်ဝေမျှချင်လို့ပါ..."
YOU ARE READING
Backwards ( complete )
Fanfictionငါတို့ဘယ်လောက်ပဲကျောခိုင်းသွားသွား နောက်ဆုံးတစ်နေ့နေ့ ငါတို့ ပြန်တွေ့ကြမှာပဲလေ...