31❤

6.9K 742 11
                                    

     ဘဝမှာ ကိုယ့်ချစ်သူကို ယောကျာ်းတစ်ယောက်နဲ့ အပြိုင်ထားရမယ်လို့အန်နာ တစ်ခါမှ မမျှော်လင့်ဖူးဘူး....ရိပေါ်ကိုလည်း ဒီလို လူစားမျိုးလို့ တစ်ခါမှ မထင်ခဲ့ဘူး.....နိုင်ငံခြားမှာ နေတုန်းက ရိပေါ်သတင်းကို သူငယ်ချင်းတစ်ချို့ပြောပေမယ့် မယုံခဲ့ဘူး....ရိပေါ် သူ့အိမ်က သဘောတူတဲ့ ယောကျာ်း တစ်ယောက်နဲ့လက်ထပ်သွားပြီလို့ သူငယ်ချင်းက သူ့ဆီ သတင်းပို့တော့ သူ့မှာ ရီလိုက်ရတာ.....ဘယ်လို တောင်မဖြစ်နိုင်တဲ့ သတင်းမျိုးကြီးလဲ....ဒါပေမယ့်....ဒါပေမယ့် မနေ့က သူ့ကို လေဆိပ်မှာ ရိပေါ် လာကြိုပြီးနောက်ပိုင်း သူရီစရာ ကြီးလို့ထင်တဲ့ ကိစ္စက အတည်ဖြစ်သွားတယ်....

        ရိပေါ်ရဲ့ wallet အတွင်းပိုင်း မှာ ထည့်ထားတဲ့ ဓာတ်ပုံသေးသေးလေးထဲမှာ ပါးစပ်ထဲ အသီးတွေအပြည့်နဲ့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေတဲ့ လူတစ်ယောက်ရှိနေခဲ့တယ်....ရိပေါ်ရဲ့ တိုက်ခန်းကို ရောက်ရောက်ချင်းပဲ.  အန်နာ သူ့ပိုက်ဆံအိတ်ကို ကြည့်ရင်းနဲ့ တွေ့ခဲ့ရတာ....ရည်းစားသက်တမ်းတစ်လျှောက်မှာ အန်နာ့ပုံကို wallpaper မထားဖူးတဲ့ ရည်းစားက တစ်ခြားယောကျာ်းတစ်ယောက်ရဲ့ ဓာတ်ပုံကိုတော့ သူ့ပိုက်ဆံအိတ်ထဲ သိမ်းထားခဲ့တယ်...

     အန်နာ မသိချင်ယောင်ဆောင်ခဲ့ပေမယ့် ညနေစာ စားတဲ့အခါမှာတော့ ရိပေါ်ကိုယ်တိုင်နှုတ်က ဖွင့်ပြောလာခဲ့တာပဲ....ပိုအံ့သြစရာကောင်းတာက အဲ့ဒီယောကျာ်းက ရိပေါ်ရဲ့သွေးသားကို ပါကိုယ်ဝန်ဆောင်ထားသတဲ့...ဘယ်လောက်တောင်...မယုံနိုင်စရာကောင်းလဲ....ရိပေါ်ရဲ့ wallet အတွင်းပိုင်းမှာ နောက်ထပ်ပုံတစ်ပုံရှိသေးတယ်....အဖြူအမည်းနဲ့ အထရာဆောင်း ရိုက်ထားတဲ့ပုံလေး....

    အဲ့ဒီညမှာ ပဲ ရိပေါ်က အန်နာကိုပြောခဲ့တယ်...အန်နာ သဘောတူသည် ဖြစ်စေ မတူသည်ဖြစ်စေ သူကတော့ ဒီကလေးကို မွေးမှာမို့ အန်နာ အနေနဲ့လက်မခံနိုင်ရင် သူတို့ဇာတ်လမ်းကို ဒီမှာပဲ ရပ်လိုက်ဖို့....

    ဘယ်လိုလုပ်ရမလဲ....အန်နာ ကိုယ်တိုင်မက်ထားခဲ့တဲ့ အိမ်မက်တွေကို စွန့်လွှတ်ပြီး ချစ်တဲ့သူဆီ လိုက်လာမှ ချစ်သူကပါ သူ့ကို စွန့်ပစ်ချင်တဲ့အခြေအနေမျိုး.....

Backwards ( complete )Where stories live. Discover now