12❤

8.3K 835 9
                                    


    ၁၀ရက်ရှိပြီ.ရှောင်းကျန့် နဲ့ဝမ်ရိပေါ် အတူတူ အလုပ်လုပ်နေရတာ၁၀ ရက်ရှိပြီ...ဒီရက်အတွင်းမှာ ရိပေါ်ဘက်က တကယ်ကို ထိန်းထိန်းသိမ်းသိမ်းကို နေခဲ့တယ်..မနက်ပိုင်း အိမ်ကအတူ ထွက်တဲ့အချိန် အတူတူ ထွက်တာကလွှဲရင် သူမျက်စိနောက် အောင်မလုပ်ရှာဘူးရယ်.... ဆိုင်ရောက်ရင် သူနဲ့မနီးမဝေးမှာနေပြီ သူလုပ်စရာရှိတဲ့အလုပ်တွေ ထိုင်လုပ်လေ့ရှိတယ်....နေ့လည်စာ စားချိန်ဆို သူ့အတွက် ထမင်းဗူးလာချ ပေးပြီးရင် သူ့နေရာ သူပြန်ပြီး အလုပ်ပြန်လုပ်တယ်....

    ဒီနေ့လည်း ခါတိုင်းလိုပဲရှောင်းကျန့် စားပွဲပေါ်မှာ ထမင်းဗူး လာတင်ပြီး ပြန်ထွက်သွားသည်....ဗိုက်မဆာသော် လည်း ဝတ္တရား ရှိသည်မို့ ထမင်းဗူးကို ဖွင့်လိုက်တော့...

  "......ဝေါ့....အော့..."

     ပြင်းလွန်းတဲ့ ဟင်းခပ် အမွှေးအကြိုင်အနံ့က သူ့အာရုံထဲ အလုအယက်တိုးဝင်လာပြီး အန်ချင်သလို ဖြစ်သွားသည်...

  ပါးစပ်ကိုပိတ်ကာ အိမ်သာထဲအမြန်ပြေးဝင် ပြီး အန်မိတော့သည်...

"..အော့....ဝေါ့..."

အဆက်မပြတ် အန်နေသော်လည်း လေ တွေမှ လွှဲ ဘာမှ ထွက်မလာခဲ့....အသက်ရှုမဝ သလိုပင်ခံစားနေရချိန် ရုတ်တရက်သူ့ကျော ကို သာသာလေးထုလာပြီး...

"အစာမကြေလို့လား...ကျန့်ကော....အသက်ဝဝ ရှုပါ...."

  သူ့ကျောကို သာသာလေးထုနေသော ရိပေါ်ကို လက်ကာပြရင်း အိမ်သာကြမ်းပြင်ပေါ်ဝယ် ခြေပစ်လက်ပစ် ထိုင်ချပစ်လိုက်သည်....

  "ဒီမှာ မထိုင်ချနဲ့လေ..ကျန့်ကော..လာ အပြင်ကို သွားမယ်..ကျွန်..ကျွန်တော် ကူတွဲပေးမယ်လေ...."

  တကယ်လဲ သူမထ နိုင်တော့သည်မို့ ရိပေါ်ကို အသာခေါင်းညိမ့်ပြရင်း ရိပေါ်ကို မှီကာ တွဲရပ်လိုက်သည်...

ထို့နောက် လေကောင်းလေသန့် ရသော ဆိုင်အပြင်ဘက်ရှိပန်းခြံလေးထဲ ခဏထိုင်နေချိန် ရိပေါ်သူ့နားမှာ ထ သွားသည်....သိပ်မကြာခင် ခွက်လေးတစ်ခုဖြင့် ပြန်ရောက်လာပြီး...

"ပျားလိမ္မော် ဖျော်ရည်...ကျန့်ကော..."

  ရိပေါ်ကမ်းပေးသော ဖျော်ရည်ကိုတငုံမျှသောက်ပြီးမှ နေသာထိုင်သာ ရှိသွားသည်...နဖူးတွင်စို့နေသော ချွေးတို့အား သုတ်လိုက်ပြီး ပန်းခြံထဲတိုက်ခတ်နေသော လေပြေ၏ အထိအတွေ့ကိုရမှ သူပို၍ပို၍ နေသာထိုင်သာ ရှိလာသည်....

Backwards ( complete )حيث تعيش القصص. اكتشف الآن