ရှောင်းမားက အိမ်ကို ပြန်ခေါ်ချင်တယ်...ဘယ်လိုပဲဆိုဆို သူ့သားဘေးနား သူရှိပေး ချင်တာပေါ့...ဒါပေမယ့် ရှောင်းကျန့်ကတော့ သူ့မြို့ကို သူမပြန်ချင်ဘူး...ဘာဖြစ်လို့လဲဆိုတော့ သူရှက်နေသေးတယ်...သူ့အဖြစ်ကြီးက အထူးအဆန်းကြီးလေ...သူ့အသိ..သူ့အမျိုးတွေကြား သူမျက်နှာပြဖို့ အဆင်မပြေသေးဘူး....
ရိပေါ်က လည်းပေးမပြန်စေချင်ဘူး....ဘာဖြစ်လို့လဲဆိုတော့ သူ့ကလေးရှိနေတဲ့ ဗိုက်က သာမာန် ဗိုက်မဟုတ်ဘူးလေ...အချိန်မရွေး ဘာဖြစ်မလဲဆိုတာ စိုးရိမ်နေရတဲ့အတွက် သူ့မျက်စိရှေ့မှာပဲ ရှိနေစေချင်တယ်....အကယ်၍ ရှောင်းကျန့်သာ သူ့မြို့ကိုပြန်သွားရင် သူလည်းလိုက်မကြည့်နိုင်ဘူးရယ်...သူ့မှာ အလုပ်လုပ်ရအုံးမယ်...လူ့လောက ရောက်လာမယ့်သူ့မျိုးဆက်အတွက် သူအခုတည်းက ရှာဖွေထားရတော့မှာမို့.....
ဒီလိုနဲ့ပဲ ရှောင်းမား ခမျာ ဝမ်အိမ်မှာတစ်ပတ်လောက်နေပြီ တော့ သူ့မြို့ကိုပြန်ဖို့ ပြင်ရတော့တယ်...suitcase ထဲ အဝတ်တွေကူထည့်ပေးရင်း ရှောင်းကျန့်မျက်ရည်ဝဲလာပြန်တယ်...ဘာဖြစ်လို့မှန်းမသိဘူး..ခုတလော ရှောင်းကျန့်စိတ်တွေက ပျော့ညံ့ လာသလိုပဲ....မားမားတို့ ဆရာဝန်တို့ပြောတာတော့ ဒါကိုယ်ဝန်ဆောင်တွေရဲ့ ပုံမှန်လက္ခဏာပဲတဲ့....ဝဲကျလာတဲ့ မျက်ရည်ကို မားမမြင်အောင်မသိမသာသုတ်ရင်း
" မား....နေကောင်းအောင်နေနော်....တစ်ယောက်ထဲဆိုပြီးပေတေ မနေနဲ့...မေ့မေ့ ကို အဖော်ခေါ်ထား...ဆိုင်ထဲမှာလည်းအလုပ်တွေ ကျုံးမလုပ်နေနဲ့.....လူတွေရှိတယ်...မားက စီမံရုံ ပဲ စီမံ နော်..."
"သား..ကျန့်ကျန့်..."
"......."
"လာ....ဒီမှာလာထိုင်..."
ကုတင် ကိုပုတ်ပြပြီးလာထိုင်ခိုင်း၍ ရှောင်းကျန့်သွားထိုင်လိုက်သည်...မားက သူ့အိတ်ထဲမှ တစ်စုံတစ်ရာကိုထုတ်ပြီး..
"သားနဲ့ သားမမ ငယ် ငယ်တုန်းက သားတို့ မင်္ဂလာဆောင်တဲ့အခါပေးဖို့ဆိုပြီး ရည်ရွယ်လုပ်ထားတဲ့ဟာလေး....မမ ကိုတော့ သူ့မင်္ဂလာဆောင်တုန်းကပေးလိုက်ပြီးပြီ...ခု..သားကလှည့်...ရော့....မားက မင်္ဂလာမောင်နှံအတွက် ရည်ရွယ်ပြီးလုပ်ထားလို့ ရိပေါ်ကိုပါတစ်ခုပေးလိုက်....."
YOU ARE READING
Backwards ( complete )
Fanfictionငါတို့ဘယ်လောက်ပဲကျောခိုင်းသွားသွား နောက်ဆုံးတစ်နေ့နေ့ ငါတို့ ပြန်တွေ့ကြမှာပဲလေ...