37❤

6.9K 670 3
                                    

     "ရိပေါ်...ကြည့်စမ်းပါအုံး..."

မွေးကင်းစလေးကို ရှောင်းကျန့်သူ့အပေါ်ဝတ်သိုးမွှေးအင်္ကျီနှင့်အနှီးလို ထုပ်ပေးရင်း ရိပေါ်ကို ပြလိုက်သည်...

   ရိပေါ် ခမျာ တကိုယ်လုံး ဆွဲဆောင့်ခံထားရ၍ ကျိန်းစက်နေသော ကိုယ် ကို ထိန်းရင်း ရှောင်းကျန့် လက်ထဲက ကလေးကိုကြည့်လိုက်သည်....နီတာရဲနေသော ထိုကလေးက..

" အသည်းယား စရာလေး..."

  ,ဟုတ်သည်..ရိပေါ် ဒီစကားကလွှဲ ဘာမှ ပြောစရာမရှိတော့ပေ...သူ့တသက် တကိုယ် ဒီလို မွေးကင်းစ ကလေး ဆိုတာမြင်မှ မမြင်ဖူးပဲကို.....

    ရောက်လာသော ရဲကားများ လူနာတင်ယာဉ် များနှင့် ဘေးပတ်ဝန်းကျင်က ရှုပ်ရှက်ခက်နေသည်...ကလေးလေးကို သူ့အမေဆီ ပြန်ပေးလိုက်ပြီး....အမှုစစ်ရဲမေးသမျှ ရှောင်းကျန့်ဖြေနေရ၍ အာရုံများပင် နောက် လာသည်....ထိုစဉ်..

" ကျန့်ကျန့်...မင်းဘာဖြစ်သွားသေးလဲ....အဆင်ပြေရဲ့လား.."

အလောတကြီးသူ့ဆီပြေးလာရင်း အော်လာသော ကျစ်မော့ကို တွေ့သည်နှင့် ထိန်းထားသော စိတ်တို့က လွတ်ထွက်သွားပြီး အရှိန်နှင့်ပြေးလာသော ကျစ်မော့ ရှေ့ဆံပင်ကို ဆောင့်ဆွဲကာ...

" ရား....ကျိုးကျစ်မော့...မင်းကို ဒီနေ့ မှ မျိုးမတုံးအောင် မလုပ်ရရင် ငါ ရှောင်းကျန့် မျိုးရိုးပါ ပြောင်းပစ်လိုက်မယ်...မင်း...မျိုးကန်းဖို့ ပြင်ထား..."

"အ...အ...ကျန့်ကျန့်...နာတယ်လို့်...လွှတ်...လွှတ်"

ဆံပင်နှင့်နားရွက်ကိုကိုင်ကာ ကျစ်မော့ကို စိတ်ရှိလက်ရှိဆွဲဆောင့်နေသော ရှောင်းကျန့်ကို ဘေးမှာရှိသော ရဲအရာရှိနှင့် ဝမ်ရိပေါ် ဝင်ဆွဲရပြန်သည်....

" မစ္စတာရှောင်း....စိတ်လျော့...စိတ်လျော့..."

"ကျန့်ကော..ကျန့်ကော...သတိထား...ဗိုက်ကို ထိမယ်..သတိထား.."

   တကိုယ်လုံးနာကျင်ကိုက်ခဲနေသော ရိပေါ် ခများ  ဆွဲဆောင့်ခံနေရသော ကျစ်မော့နှင့်ရှောင်းကျန့်ကြားဝင်ကာ ရှောင်းကျန့်ကို အသာ တွန်းထုတ်ရပြန်သည်...ရှောင်းကျန့်၏ ကျစ်မော့အပေါ်ရည်ရွယ်ထားသည့်အားပါသော ရိုက်ချက်များက ရိပေါ် ကျောကုန်းအပေါ် တဖုန်းဖုန်း ကျလာသည်...

Backwards ( complete )Where stories live. Discover now