အပိုင်း (၄၁)

4.3K 134 0
                                    


သူတို့ ဒီလိုမလုပ်ရင် လုံးဝကို ခွေးဖြစ်တော့မှာ ။ လောင်းကစား အကြွေးတွေက ပတ်လည်ဝိုင်းနေပြီး အကြွေးရှင်တွေက သူတို့အကြွေးကို ပြန်မပေးရင် သတ်မယ်လို့ ခြိမ်းခြောက်နေကြသည် ။

လောင်းကစားအကြွေးဆိုတော့ လောင်းကစားအကြွေးရှင်ဆိုတာက ကြမ်းပေ့ ရမ်းပေ့ဆိုတဲ့ လူမျိုးတွေ ။ တချို့ဆို မူးရစ် ဂိုဏ်းကလူတွေ တောင်ပါကြတော့ ဦးမြဒင် မကြောက်လို့မရတော့ ။

မယားပါသမီးကို အကြပ်ကိုင်ပြီး လိုသမျှ ပိုက်ဆံကို တောင်းနေခဲ့လို့ နည်းနည်း အဆင်ပြေနေခဲ့ပေမဲ့ အခု မယာပါသမီးကိုလဲ ရွှေစံအိမ်က နှင်ချလိုက်ပြီမို့ မီးစလဲကုန် ဆီလဲ ခမ်းဆိုသလိုဖြစ်နေပြီး အကြွေးမပေးနိုင်တော့ ကြောက်နေရတဲ့သူတို့အဖြစ်။

ဒီလိုအဖြစ်ကို အဆုံးသတ်နိုင်ဖို့အတွက် သူတို့ ရွှေသူဌေးကြီး ဦးမိုးမင်းကို ပြန်ပေးဆွဲပြီးငွေညှစ်ဖို့ ကြံစည်ကြသည် ။

"ဟင်း ထင်ထားတဲ့အတိုင်းပဲ မင်းလက်ချက်ပဲကိုး "

တိုက်​ပျက်အတွင်းသို့ရောက်လာတဲ့ မြတ်နိုးအိမ့်ကိုမြင်တော့ ဦးမိုးမင်း ပြောသည် ။ ဒီတော့ မြတ်နိုးအိမ့် ဟတ်ခနဲ တချက်ရယ်လျှက်..

"အကိုကြီးလို ဉာဏ်ကောင်းတဲ့ အဘိုးကြီးကို အိမ့်လဲ လျှော့မတွက်ထားပါဘူး "

"မင်းဘာလိုချင်လို့ ငါ့ကိုပြန်ပေးဆွဲထားတာလဲ "

လက်နောက်ပြန်ကြိုးတုတ်လျှက်မှ ဦးမိုးမင်းပြောရာ သူ့ရဲ့ဘေးသို့ မြတ်နိုးအိမ့် ထိုင်လိုက်သည် ။ ဦးမိုးမင်းရဲ့ မေးဖျားမှ တဆင့် လည်တိုင်ကို သူမလက်နဲ့ အသည်းယားဖွယ် ရှပ်လျှက် ဆိုသည် ။

"အကိုကြီး အိမ့်ကို ပြန်ပေးဆွဲထာတယ်လို့ မစွပ်ဆွဲပါနဲ့ အိမ့်ပြန်ပေးမဆွဲပါဘူး ရသင့်ရထိုက်တာကို ရဖို့ပဲ အိမ့်က တောင်းဆိုချင်တာ အဲဒီတောင်းဆိုမှုကို အကိုကြီး လိုက်လျောပေးရင် အကိုကြီးကို အိမ့်ချက်ခြင်း ပြန်လွှတ်ပေးမှာပါ "

"မင်းလိုမိန်းမယုတ်က ဘာတွေရသင့်ရထိုက်တာ ရှိလို့လဲ "

"ဟေ့အဘိုးကြီး စကားကို ကြည့်ကြပ်ပြောနော် ကောင်းကောင်းပြောနေလို့ ရောင့်တတ်မလာနဲ့ "

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now