အပိုင်း (၁၉)

3.6K 159 0
                                    


အခန်းဘဲလ်သံကြောင့် နေ တံခါးကိုဖွင့်လိုက်ရာ အပြင်၌ ဟိုတယ် ဝန်ထမ်းကောင်မလေးတစ်ယောက် စားစရာ များဖြင့် တွေ့ရသည် ။ သူလဲ စားစရာမှာမထား၍ နေ အံ့ဩနေသည် ။

နေ့လည်စာ စားချိန်ရောက်ခါနီးပြီးမို့ နေ အောက်ဆင်းပြီး နေ့လည်စာ စားဖို့ လုပ်နေတာဖြစ်သည် ။

"ဟိုလေ အခန်းမှားလာတယ်ထင်တယ် ကျွန်တော် မှာမထားဘူးဗျ "

"ဟုတ်ပါတယ် ဒီအခန်းက ၂၀၁ သေချာပါတယ် ဒီအခန်းကို ပို့ခိုင်းလိုက်တာပါ "

"ပို့ခိုင်းလိုက်တာ ဘယ်သူက ပို့ခိုင်းလိုက်တာလဲ "

မေးရမယ်လေ ။ ဘယ်သူက သူ့အတွက် လုပ်ပေးတယ်ဆိုတာ သူ သိချင်သည် ။

"သူဌေးကပါ "

"ကျွန်တော်ပါ "

"ဟင် "

သူ့အခန်းနားသို့ ရောက်လာကာ ပြောလာသူက မိုးမြတ်ထွဋ် ။ သူက နေ့ကိုကြည့်ကာ ပြုံးနေသည် ။ နေကတော့ ပြုံးလို့မရ ။ ဘာကြောင့် ဒီလို လုပ်နေတယ်ဆိုတာ အကြောင်းတစ်ခုခုရှိရမည် ။

ရှိန်းနဲ့ သူ့ကို စိတ်ဝမ်းကွဲအောင်လုပ်ကတည်းက သူ့အပေါ် နေ သံသယ ဖြစ်မိသည် ။ ရှိန်းပြောစကားအရ သူ့ကိုယုံလို့မရ ။

"ဟိုတယ်က အထူးဧည့်သည်တွေအတွက်ပဲ ပြင်ဆင်ပေးတဲ့ နေ့လည်စာလေ မနက်ကလဲ အထူးစားပွဲကို မင်းလာမယ်ထင်နေတာ မလာလို့ အခုနေ့လည်စာ စားချိန်မှာလဲ မလာလောက်ဘူးထင်လို့ အခုလို လုပ်ပေးရတာ "

"ကျွန်တော်က ဒီဟိုတယ်ရဲ့ အထူးဧည့်သည်မဟုတ်ပါဘူး အဲဒါကြောင့် မလာတာပါ "

"အဟင်း မဟုတ်တာ ရှိန်းခန့်ထူးနဲ့ ပတ်သက်ပြီး မင်းက အထူးဧည့်သည်ပဲပေါ့ ဘာလဲ ရှိန်းခန့်ထူးက မခေါ်လို့လား "

ကြည့် ။ စကားကိုပြောကတည်းက သူတို့စိတ်ကို စွချင်နေတဲ့စကားတွေနဲ့ ။ ခနဲ့သလိုလိုပြောနေခြင်းက သူတို့ကို စိတ်ဝမ်းကွဲဖို့ လုပ်နေသလို ။

အမှန်တကယ်က ရှိန်းသူ့ကို မနက်က သူနဲ့အတူလိုက်ခဲ့ဖို့ ခေါ်ပါသည် ။ သို့ပေမဲ့ နေ ကိုယ်တိုင်မလိုက်ဖို့ ဆုံးဖြတ်ခဲ့တာ ။ ဟုတ်တယ် ။ ဦးရာဇာနဲ့ သူတို့မိသားစု ပြီးတော့ ဦးမိုးမင်းထူးတို့ ဇနီးမောင်နှံ အားလုံးက သူ့ကို အလိုရှိသူ တစ်ယောက်မှ မရှိတာ နေသိတော့ နေ အနေရခက်မှာ သေချာနေတာကြောင့် မလိုက်ဖို့ ဆုံးဖြတ်လိုက်တာ ။

ဟန်ဆောင် သတို့သား 🔞(Completed)Donde viven las historias. Descúbrelo ahora