အပိုင်း (၃၁)

3.3K 128 0
                                    


ရှိန်းက နေ့ရဲ့ လက်ကိုဆွဲထားပြီး အိမ်ထဲသို့ဝင်၍လာသည် ။

ဖခင်ရဲ့ တောင်းဆိုမှုနဲ့ နေပြန်ကောင်းပြီလဲ ဖြစ်တာကြောင့် အလုပ်ပြန်လုပ်ဖို့အတွက် သူတို့ပြန်လာကြခြင်းဖြစ်သည် ။

အိမ်ထဲ၌ အသင့်စောင့်နေကြတဲ့ ဦးမိုးမင်းထူးနဲ့ မြတ်နိုးအိမ့် ။ သူတို့က ရှိန်းနဲ့နေ့ကို သဘောမကျတဲ့ အကြည့်နဲ့ ကြည့်နေကြသော်လဲ မိတုတ်နဲ့ ဒေါ်လေးမြ ကတော့ နေ ပြန်လာ၍ ပျော်နေကြသည် ။ အထူသဖြင့် မိတုတ် ။ နေ့ရဲ့လက်ကိုဆွဲထားတဲ့ ရှိန်းကိုမြင်ရတော့ သူမ ကျေနပ်ပီတိဖြစ်ရသည် ။

ပြင်ဦးလွင်မှာ နေ ရောက်နေတယ်ဆိုတာသိရတော့ သူတို့ကို အဆင်ပြေစေချင်ပြီး အဆင်ပြေသွားပြီလို့ ကြားသိရတော့ ပျော်မိကာ အခုလို မြင်ရတော့ သူမ အရမ်းကို ပျော်နေသည် ။

"ပေးပေး မိတုတ် ကူသယ်ပေးမယ် "

ခရီးဦးကြိုပြုကာ နေ့ရဲ့လက်ထဲမှ အဝတ်ထုတ်ကို သူမဆွဲယူသည် ။ ဒါကို မြတ်နိုးအိမ် ဟန့်ဖို့ပြင်လိုက်ပေမဲ့ အိမ်ထဲသို့ ထပ်မံဝင်ရောက်လာတဲ့ ကြီးမေကို မြင်တော့ သူမ မျက်နှာပျက်ကာ နောက်ဆုတ်သွားသည် ။

"ရောက်လာကြပြီပေါ့ နေပြန်ကောင်းသွားတဲ့အတွက် ဒယ်ဒီဂုဏ်ယူပါတယ် သား "

ဦးမိုးမင်းထူး သားဖြစ်သူရဲ့အနားသို့သွားကာ ပြောပြီး ဖက်လိုက်သည် ။ ဖခင်အား ရှိန်းပြန်၍ ဖက်လိုက်သည် ။

အက်စီးဒင့် ကြောင့် ရှိန်း အသက်အန္တရာယ်စိုးရိမ်နေရတဲ့အချိန်မှာ သူ ဘယ်လောက်ဝမ်းနည်းကာ စိုးရိမ်ခဲ့ရတယ်ဆိုတာ သူပဲ သိလိမ့်မည် ။

နိုင်ငံခြားသို့ဆေးသွားကုပြန်တော့လဲ သားရဲ့အနား အချိန်ပြည့်ရှိနေခဲ့ပြီး သားကို အားပေးနှစ်သိမ့်ခဲ့သည် ။ ထိုအချိန်မှစပြီး သားနဲ့ဖအေ ရင်းနီးမှု ပြန်လည်ရသွားကာ အရင်တုန်းက သားနဲ့အဖေလို ဖြစ်သွားခဲ့သည် ။

"ဒယ်ဒီကို အလုပ်တွေနဲ့ ပင်ပန်းနေမှာ သားစိုးရိမ်လို့ နေ့မဆိုင်းတော့ပဲ အမြန်ဆုံးပြန်လာခဲ့တာ "

"ဒယ်ဒီ အားတတ်မိပါတယ် "

သူနဲ့ အဖေ အပြန်အလှန်ပြောနေရင်းက နေ့ရဲ့လက်ကို ရှိန်း ဆွဲလိုက်ကာ ပြောသည် ။

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now