အပိုင်း (၂၂)

3.6K 150 2
                                    


အချိန်အားဖြင့် ည ဆယ့်နှစ်နာရီ ။

"ဟင့် အင်း "

ငြီးသံ သဲ့သဲ့ကြောင့် ရှိန်း မ်က္လုံးမ်ားမွိတၳားရာမွ လူးလွှင့်ကာ နိုးလာခဲ့သည်။ အသံကြားရာသို့ ကြည့်တော့ နေ့ထံမှ ဖြစ်ကာ ရှိန်း စိတ္ပူကာ နေ့အနားလာခဲ့သည် ။

ညဦးတုန်းက နေ့ရဲ့အနားမှာ သူအိပ်နေခဲ့ပေမဲ့ နေ အိပ်ပျော်သွားတော့ ရှိန်း ဆိုဖာပေါ်သို့ပြောင်းကာ အိပ္လိုက္တာ ။

နေ့ရဲ့နဖူးကို စမ်းကြည့်တော့ ကိုယ္က ခြစ်ခြစ်တောက် ပူကာ ဖျားနေသည် ။ အဖျားကြီးနေ၍ ငြီးကာ ကယောင်ကတမ်းတွေပင် လျှောက်ပြောနေသည် ။

ညဦးတုန်းက ဖျားချင်သလိုလိုဖြစ်နေလို့ ဆေးသောက်ထား၍ မဖျားပေမဲ့ ဆေးအရှိန်က ပျယ်သွားတော့ ထပ်ပြီး ဖျားတာပဲဖြစ်ရမည် ။

"နေ "

ရေပတ်တိုက်ပေးဖို့ ပြင်ဆင်ပြီး သူ့အနားကို ပြန်လာကာ နဖူးပေါ် ရေဝတ်ကပ်ပေးလိုက်ပြီး ရှိန်းခေါ်လိုက်သည် ။

သို့ပေမဲ့ အဖျားကတတ်နေတော့ နေ မသိပဲ တဟင့်အင်းနဲ့ ငြီးနေသည် ။ မ်က္လုံးကို မှိတ်ထားပါသော်လဲ မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာတော့ ရှိန်း မျက်ရည်တွေကို သုတ်ပေးလိုက်သည် ။

"ဖေဖေ သားတို့ကို ထားမသွားပါနဲ့နော် သားတို့မိသားစုကို ထားမသွားပါနဲ့ သားတို့နဲ့အတူနေပါနော် "

မျက်ရည်သုတ်ပေးနေတဲ့ သူ့ရဲ့လက်ကိုဆွဲကာ ယောင်ပြီး ငို၍ပြောနေသည် ။

"နေ "

"ဖေဖေ ဟင့် "

ရှိန်း သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာထားလိုက်တော့ နေငြိမ်၍သွားသည် ။

တကယ်ဆိုရင် နေ သူ့အဖေကို မချစ်ဘူးလို့ ရှိန်းထင်ထားခဲ့တာ ။ အခုလို ယောင်ကာပြောနေခြင်းက မသိစိတ္က ဆန္ဒတွေ ထုတ်ဖော်လာတာ မဟုတ်ပါလား ။ သူ့အဖေကို အရမ်းချစ်တာ ရှိန်း သိလိုက်မိပြီး စိတ်မကောင်းဖြစ်ကာ နေ့နဖူးမှ ဆံနွယ်လေးတွေကို သပ်ပေးမိသည် ။

"ဟင့် "

"နေ ဘာဖြစ်လို့လဲ "

"ဟင့် ကျွန်တော် ခင်ဗျားကိုချစ်တယ် "

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now