အပိုင်း (၁၇)

3.5K 168 0
                                    


​​​​

နေ့ကို မောင်းထုတ်လို့ရမဲ့ အခွင့်အရေးကို မိုးမြတ်ထွဋ်လာရှုပ်ပြီး နေ့ကို လာ ကယ်သွားတဲ့အပေါ် သူတို့ မကျေမနပ်ဖြစ်နေကြသည် ။

သူတို့ဆိုတာ ဦးမိုးမင်းတို့ ဇနီးမောင်နှံ ။

ဟုတ်တယ်လေ သူတို့အစီအစဥ် အောင်မြင်ဖို့ လက်တစ်လုံးကြားလေးမှာ မိုးမြတ်ထွဋ် လာကယ်သွားလို့သာ နေ ဒီဟိုတယ်မှာ ရှိနေနိုင်တာလေ ။

သို့ပေမဲ့ သူတို့ ဘာမှ မတတ်နိုင် ။ မိုးမြတ်ထွဋ်ဆိုတာက သူ့ပထွေး ဟိုတယ်ပိုင်ရှင်ကိုတောင်ဂရုစိုက်တဲ့သူမဟုတ်တော့ သူတို့ပြောလဲ အပိုတွေသာဖြစ်လိမ့်မည် ။

ရှိန်းကြောင့် ဝမ်းနည်းမိတဲ့စိတ် နဲ့ သူသာ ရောက်မလာခဲ့ရင် နေ ဒီကနေ ထွက်ပြေးမိမှာ ။ သူတို့ပြောသလိုပဲ သူ့ဘက်မှာရပ်တည်ပေးမဲ့သူက အနားမှာမရှိနေတော့ နေ တကယ်အားငယ်မိတာတော့အမှန် ။ ရင်ထဲမှာလဲ လစ်ဟာသွားသလို ဝမ်းနည်းမိသည် ။

"အကိုလေးရှိန်းမကောင်းတာပါ ဘာပဲဖြစ်ဖြစ် အကိုလေးနေ ဘေးမှာ သူရှိသင့်တာပေါ့ မိုးမြတ်ထွဋ်ခေါင်ဆိုတဲ့ မင်းသားလေးသာ လာမကယ်ရင် အကိုလေးနေ ဒုက္ခရောက်မှာ "

သူတို့ စီစဥ်ပေးတဲ့အတိုင်း နေ အား တစ်ခန်းသက်သက် ခွဲပြီး နေစေတော့ နေ အဝတ်အစားထုတ်ကိုကြည့်ကာ ထိုင်နေသည် ။ မိတုတ်ကတော့ သူ့ဘက်ကနေ နာပြီး ပြောနေမိသည် ။ မိတုတ်က တတွတ်တွတ်နဲ့ ပြောနေပေမဲ့ နေ ဘာမှ ပြန်မပြောမိ ။ ပြောလဲ မပြောချင် ။

"အကိုလေးနေကို မိတုတ်သနားလိုက်တာ သူ့မျက်နှာ တစ်ကမ္ဘာ ထင်ပြီး လိုက်လာခဲ့ရတာကို အကိုလေး ရှိန်း လုပ်ရက်တယ် မိတုတ်မသိလို့မေးပါရစေနော် အကိုလေးရှိန်းက အဲဒီမိန်းကလေးကို တကယ်ချစ်နေတာလား ပြီးတော့လေ အကိုလေးတို့နှစ်ယောက်လက်ထပ်ထားတဲ့ကိစ္စ ဘာလို့ ပြောလို့မရတာလဲ "

"ဟင်း "

နေ ဘာမှ မပြောချင်တာကြောင့် သက်ပြင်းကိုကျကာ နေရာပြောင်းပြီး ထိုင်လိုက်သည် ။

သခင်အရိပ်အကဲ နားလည်တော့ မိတုတ် ဘာမှ ဆက်မပြောတော့ပဲ အခန်းထဲက ထွက်သွားရန်လုပ်တော့..

ဟန်ဆောင် သတို့သား 🔞(Completed)Kde žijí příběhy. Začni objevovat