အပိုင်း (၁၀)

4.6K 193 0
                                    

"ခင်ဗျားဘာတွေပြောထားလို့ ခင်ဗျားအဖေက ကျွန်တော့်အိမ်အထိ လိုက်လာ​ပြီး စော်စော်ကားကား ပြောသွား ရတာလဲ "

ရှိန်း တကယ်ပဲ အားနာမိပါသည် ။ ဒယ်ဒီအဲလောက်ထိ လုပ်လိမ့်မယ်လို့ ထင်မထားခဲ့တာ ။ သူပြောပြီးနောက်နေမှာပဲ နေထွန်းရာရဲ့အိမ်ကို သွားပြီး သောင်းကြမ်းခဲ့တဲ့လေ ။ သူရည်ရွယ်တာ နေထွန်းရာဆိုတာ ဘယ်လိုများ သိသွားတယ်မသိ ။

"အဲဒီအတွက် ငါတကယ်တောင်းပန်တယ် ငါ့အရှုပ်ကို မင်းဆီပုံလိုက်မိသလို ဖြစ်သွားတယ် အန်တီမြသက်ရော သက်သာရဲ့လား "

"အင်း မေမေက သက်သာတယ် ခင်ဗျားအိမ်ကိုမလာလို့ မေးနေသေးတယ် ခင်ဗျားအဖေကြီးရောက်ချလာတော့ မေမေ အရမ်းလန့်သွားခဲ့တာ "

"အန်တီမြသက်ကို တောင်းပန်တယ်လို့ ပြောပေးပါ ဒီရက်ပိုင်း ငါ မင်းတို့အိမ်ကို လာဖြစ်မှာမဟုတ်သေးဘူး "

"မေမေက ခင်ဗျားကို အပြစ်မမြင်ပါဘူး မမကို ကူညီပေးခဲ့တာတွေအတွက်လဲ မေမေက ကျေးဇူးတင်ချင်နေတာ "

ရှိန်းရဲ့ ကူညီမှုတွေနဲ့ မမထား ကို ပြန်ပြီး ကယ်တင်ခဲ့နိုင်သည် ။ ငွေဆိုလဲ လိုက်နိုင်တော့ နားလည်တဲ့ အကြီးအကဲတွေနဲ့ လိုက်ခဲ့တော့ ထိုလူကုန်ကူးမှုကို တိုက်ဖြတ်လိုက်နိုင်ခဲ့သည် ။

"ရပါတယ် မင်းအမ အဆင်ပြေတယ်မလား "

"အင်း အစကတော့ နည်းနည်းလန့်နေသေးပေမဲ့ မမက သန်မာပါတယ် အခု ပုံမှန်ဖြစ်နေပြီ "

တကယ်လဲ ဟုတ်သည် ။ လူကုန်ကူးခံရတဲ့ မိန်းကလေး သို့မဟုတ် ယောကျာ်းလေးတွေဟာ စိတ်ထိခိုက်တာမျိုးတွေ ခံစားတတ်ပေမဲ့ မမကတော့ အရင်ကတည်းက စိတ်ကြမ်းလူကြမ်းဆိုတော့ ခံနိုင်ရည်ရှိသည် ။

"ခင်ဗျားမပြောရသေးဘူးနော် ခင်ဗျားအဖေကို ဘာတွေပြောထားတယ်ဆိုတာ "

နေက မေးတော့ ရှိန်း တွေဝေသွားသည် ။ ဒယ်ဒီအခုလို လုပ်မယ်လို့ မထင်ထားခဲ့ဘူးလေ ။

"ငါ့ကို ဒယ်ဒီက မိန်းမပေးစားနေတယ် "

"ဟင် "

"အဲဒါ ငါက လက်မခံချင်လို့ ငါ့မှာချစ်သူရှိတယ် အဲဒါက မိန်းကလေးမဟုတ်ပဲ ယောကျ်ားလေးလို့ ပြောလိုက်တာ မင်းဆိုတာ ငါလုံးဝမပြောခဲ့ဘူး "

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now