အပိုင်း (၂၁)

3.6K 157 2
                                    


ဟိုတယ်မှ အလုပ်သမားတချို့က မေဘယ်ရဲ့ မွေးနေ့အတွက် အခမ်းအနားကို ပြင်ဆင်နေကြသည် ။

ပျင်ပျင်းရှိတာနဲ့ နေဆင်းလို့လာပြီး အခုလိုတွေ့ရခြင်းဖြစ်ကာ ပြင်ဆင်နေကြသူတွေကို ကြည့်နေမိသည် ။

မနက်ဖြန်ဆိုရောက်ပြီဖြစ်တဲ့ ဒီဟိုတယ်ရဲ့ တစ်ဦးတည်းသော သမီးရဲ့ မွေးနေ့အတွက် အခမ်းနားဆုံးဖြစ်အောင်ပြင်ဆင်နေကြသည် ။ ထိုသို့ပြင်ဆင်နေကြတဲ့သူတွေကို နေ တတ်နိုင်သလောက်လေး ကူညီပြီး လုပ်ပေးဖြစ်သည် ။ အခန်းထဲမှာနေရတာ ပျင်းတာကြောင့် အပျင်းပြေကူလုပ်နေခြင်းဖြစ်သည် ။

"အခန်းကိုရောက်ခဲ့သေးတယ် မတွေ့ပါဘူးလို့အောက်မေ့နေတာ ဒီရောက်နေတာကိုး "

သူ့အနားသို့ရောက်ကာ စကားဆိုလာတဲ့ ထွန်းဇော်လင်းအား နေ ကြည့်မိသည် ။ သူက နေ့အား ပြုံးပြနေပြီး နေ လုပ်နေတဲ့ မွေးနေ့အတွက် ပြင်ဆင်နေကြတာတွေကို သူပါကူလုပ်နေသည် ။

"ဘာတွေစိတ်ဝင်စားစရာကောင်းလို့ဒီမှာလာပြီး ကူလုပ်ပေးနေတာလဲ "

"အဲလိုရယ်လို့မဟုတ်ပါဘူး ဒီတိုင်းပျင်းလို့ ဒီမှာလာကြည့်နေမိတာ ကြိုးစားပြီး ပြင်ဆင်နေကြတဲ့သူတွေကို တတ်နိုင်သလောက် ကူညီပေးနေတာလေ "

လိုအပ်တဲ့ ပန်းစည်းတွေကို နေ ယူကာပေး၍ ပြောသည် ။

"ပျင်းရင် အကိုနဲ့ ကမ်းခြေဘက်လိုက်ခဲ့ပါလား ရှိန်းခန့်ထူးနဲ့ မေဘယ်တို့လဲ ကမ်းခြေဘက်ထွက်သွားကြတယ်လေ "

ရှိန်းဆိုတဲ့ နာမည်ကြောင့် နေ လုပ်နေတဲ့ အလုပ်ကို ရပ်မိကာ သူ့အားကြည့်မိသည် ။ သူ့စကားကိုစိတ်ဝင်တစားရှိလာတဲ့ နေ့ကြောင့် သူဆက်ပြောသည် ။

"ကြားတာတော့ သူတို့မကြာခင် ချစ်သူဖြစ်ကြတော့မယ်ထင်တယ် အရမ်းလဲချစ်ကြသလို အစစအရာရာကလဲ အရမ်းလိုက်ဖက်ကြတယ်နော် "

"အင်း "

မနေ့ကတည်းက ရှိန်း နဲ့သူ မတွေ့ဖြစ်ပဲ ကစားပွဲပြီးဆို ရှိန်းပြန်သွားသည် ။ အလုပ်ကိစ္စနဲ့ အလုပ်ရှုပ်နေတော့ မတွေ့ဖြစ် ။

ဒါပေမဲ့ ရှိန်း သူ့ကို ဘာမကျေနပ်နေတာလဲဆိုတာ တွေးမိသည် ။ မနေ့က သူ့ကို နှုတ်မဆက်သလို မသိသလိုလုပ်သွားတဲ့ ရှိန်းကြောင့် သူ့မှာဘာအမှားလုပ်ထားလဲဆိုတာ သိချင်မိသည် ။

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now