အပိုင်း (၄)

5K 207 0
                                    


"အဆင်ပြေပါ့မလား မမထားရယ် ကျွန်တော့်အလိုဆို မသွားစေချင်ဘူး "

မိခင်ဖြစ်သူက တားနေပါတယ်ဆိုမှ နေထွန်း ကပါ ထိုသို့ပြောတော့ ထားထားမေ မောင်​ဖြစ်သူကို မျက်စောင်းထိုးလိုက်သည် ။

"အဲဒီအကြံကို ဖျက်လိုနော် မိထား ကိုယ့်ဘာသာအေးအေးဆေးဆေးနေပါ သမီးရယ် အမေ့ဆိုင်မှာ ကူးလုပ်ပေါ့ "

"မလုပ်ချင်ပါဘူးအမေရာ ဟွန်း ဘာမှချမ်းသာလာမဲ့ အလုပ်လဲမဟုတ်ပဲ ထိုင်းကိုသာ သမီးသွားနိုင်ရင် အမေတို့သားအမိ ချမ်းသာမှာ လုပ်ခက နေပါအုံး သူတို့ပိုက်ဆံနဲ့ဆို ရာဂဏန်း သမီးတို့ပိုက်ဆံဆို သိန်းဆယ်ချီရတာတဲ့ "

"ဟွန်း တော်စမ်းပါအေ မသွားရဘူးဆို မသွားရဘူး "

သားအမိနှစ်ယောက် အချေအတင်းပြောလို့နေပြီး နေကတော့ အမ မကြိုက်တာမို့ ဆက်ပြီးမပြောဖြစ် ။

သို့ပေမဲ့ မသွားစေချင် ။ ဘာမှန်းညာမှန်းမသိ စိတ်မချပါဘူး ။ ဒါပေမဲ့ မမထားကတော့ဘသူ့ဘယ်ကမှန်းမသိတဲ့ သူငယ်ချင်းတွေနဲ့ပြောပြီးပြီတဲ့ သွားမှာပဲဆိုတဲ့ စိတ်ကို ဆုံးဖြတ်ချက်ချပြီးသား ။ လုပ်မယ်ဆို လုပ်မဲ့ သူ ။

အခုခေတ်ကြီးက ခေတ်ပျက်နေတာဆိုတော့ မတော်တဆ အရောင်းစားခံရမှာမျိုးတွေဖြစ်မှာ နေ ဆိုး၍ တားမိခြင်းပါ ။ ဟိုအလုပ်ဆို မလုပ်ချင်တာနဲ့ လခကနည်းသလေးနဲ့ ။ ပြောရရင် သူမ ကဘွဲလို့လဲရထားတာမဟုတ် ။

ဒါကိုလဲ နေ မပြောရဲ ။ မပြောနိုင်တာဆိုပိုမှန်သည် ။ မမဆယ်တန်းတတ်တဲ့အချိန် အဖေ နောက်အိမ်ထောင် ထပ်ပြုလိုက်တော့ အစစအရာရာ သူတို့ မိသားစုလေး အဆင်မပြေမှုပေါင်းများစွာဖြစ်ခဲ့ရသည် ။ ဒါကြောင့် မမကျောင်းဆက်မတတ်နိုင်ခဲ့ ။ တစ်ယောက်ပဲ ပညာဆက်သင်လို့ရတဲ့ မိသားစုအခြေအနေမှာ အငယ်ဖြစ်တဲ့ သူ့ကိုသာ ကျောင်းဆက်ပြီး တတ်စေလို့ သူအခုလို ဘွဲ့ရပညာတတ်ဖြစ်နေခဲ့တာ ။

"နင်တို့ဘွဲ့ရတော့ရော ဘာအလုပ်ရှိလို့လဲ အမေ့ဆိုင်မှာ တောက်တိုလုပ်နေရတာမျိုးဆို ပညာဆက်မသင်ခဲ့ရတဲ့ငါပဲ ကံကောင်းတယ် " ဆိုပြီးပြောသေးတာ ။

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now