အပိုင်း (၂၈)

4.1K 133 0
                                    


ဝင်လာတဲ့ ဖုန်းကိုကြည့်တော့ မေဘယ် ဆိုတဲ့နာမည်ကို အင်္ဂလိပ်လို ရေးသားထား၍ နေ သူ့အားပေးလိုက်သည် ။ ပေးလာတဲ့ နေထံမှ ဖုန်းကိုယူကာ ကြည့်တော့ မေဘယ်ထံမှ ဖြစ်၍ နေ့အား သူ ကြည့်လိုက်သည် ။

အကြည့်ကတော့ နေ စိတ်မကောင်းဖြစ်သွားမလား စိတ်ပျက်သွားမလား ဆိုပြီးတော့ပေါ့ ။ သူစိတ်ထင်သလိုပဲ နေ မျက်နှာပျက်သွားတာကို ရှိန်းသတိထားမိကာ ဖုန်းကို ချလိုက်သည် ။

"ဘာလို့ ချလိုက်တာလဲ "

"ချစ်လေးက မျက်နှာပျက်နေတော့ ဒီက ကိုကိုက ဘယ်လို ဖုန်းပြောနိုင်တော့မှာလဲ "

"ဟင်း "

ခြံထဲမှာ လေကောင်းလေသန့်ရှူနေကြရာ နေ သက်ပြင်းချ၍ ခြံထဲမှ သစ်ပင်ရဲ့လေးရဲ့အောက်က ခုံလေးပေါ်ထိုင်လိုက်သည် ။

သူ့ရဲ့ ဝှီးချဲကို နေ့အနားသို့ သူ့ဘာသာ တွန်းလာခဲ့ပြီး နေရဲ့ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည် ။

"ကိုယ့်ကိုစိတ်ဆိုးသွားတာလားဟင် "

ဒီလိုမေးတော့ နေ သူ့ကိုကြည့်လိုက်သည် ။ အစစအရာရာ သူ့အပေါ် အလျှော့ပေးကာ အလိုလိုက်နဲ့ ရှိန်းအပေါ် သူမယုံသင်ကာဖြစ်နေသေးတာ သူမှားတယ်လို့ ခံစားရသည် ။

"ကျွန်တော် စိတ်မဆိုးပါဘူး ဒါပေမဲ့ ကျွန်တော်ကြောက်တယ် ကျွန်တော် အကျင့်မကောင်းသလိုဖြစ်နေတယ်မဟုတ်လားဟင် "

"နေရယ် မဟုတ်တာ ကိုယ်နားလည်ပါတယ် "

"ကျွန်တော်ကြောက်တယ် သူနဲ့ ပြန်ပြီး အဆင်ပြေသွားမှာ ကြောက်တယ် သူ့နာမည်ကြားလိုက်တာနဲ့ အရင်တုန်းက အကြောင်းတွေ ပြန်မြင်လာပြီး ခင်ဗျား ကို သူနဲ့ မပတ်သက်စေချင်ဘူး "

တကယ်လဲ နေ စိုးရိမ်မိပါသည် ။ ရှိန်းကို သူ့ထံမှ ပြန်ပြီး လုယူသွားမှာ နေအရမ်းကြောက်သည် ။ ရှိန်းဆိုတာ သူ့အတွက် နောက်ဆုံးအချစ်ဖြစ်သလို လုယူသွားမှာ အရမ်းကြောက်သည် ။ အထူးသဖြင့် မေဘယ်ဆိုတာနဲ့ အရင်တုန်းက ရှိန်းချစ်ခဲ့ဖူးတဲ့ မိန်းမဆိုတာ သတိရပြီး ရင်မအေးစေပါ ။ စိတ်လေးစေသည် ။

သူ့အတွက် ထိုအချိန်က အိမ်မက်ဆိုးတစ်ခုလို ခြောက်လှန့်နေတတ်သည် ။ မကြာမီ ရက်အတောအတွင်းမှာ မေဘယ် ဒီကို လိုက်လာမယ်တဲ့လေ ။ ဒါက သူ့ကို ပိုပြီး စိတ်လေးစေသည် ။

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now