အပိုင်း (၁၁)

4.3K 177 1
                                    


"ဆေးရုံမှာ မင်းအမေအတွက် ကုန်ကျစရိတ်တွေကို မင်း ပြန်ပေးစရာမလိုတော့ဘူး ငါကူညီတာဆိုရင် မင်းလက်မခံတော့ အခု ငါ့အတွက် မင်းကူညီမယ်ဆိုရင် မင်းမိဘတွေဆီ ဆေးဖိုးအနေနဲ့ တစ်လ ငါးသိန်း ထောက်ပံ့ပေးမယ် မင်းအသုံးလိုရင်လဲ ငါ့ဆီကတောင်းပေါ့ "

ထိုနေ့က သူ့ကို အကူအညီတောင်းစဥ်ကပြောခဲ့တဲ့ ရှိန်းခန့်ထူးရဲ့စကားတွေ ။ ဒီလို သူ့အား ပိုက်ဆံမပေးရင်တောင်မှ နေ သူ့ကို ကူညီဖို့ အသင့်ပါ ။

သူတို့အတွက်ဆိုပြီး ပြင်ဆင်ပေးလာတဲ့ အခန်းက အရမ်းကို လှပကာ မြင်ရတာနဲ့တင် ချိုမြိန်လို့နေသည် ။ ပန်းရောင်တွေချည် ဆင်မြန်းထားပြီး နှင်းဆီပန်းအဖက်တွေကို အိပ်ယာထက်၌ ပျံ့ကျဲလို့ထားသည် ။

အခန်းထဲသို့ဝင်လိုက်တာနဲ့ မွှေးပျံ့သော နှင်းဆီရနံက တကယ်ကို သင်းပျံ့လို့နေသည် ။ ကြည့်ရတာ မင်္ဂလာဦးအခန်း သဖွယ် ။

"ကြီးမေတို့ စီစဥ်ပေးထားတာထင်တယ် မင်းအဝတ်အစားတွေကို ငါ့ဘီရိုထဲ ထည့်ရမယ် ထင်တယ် "

ရှိန်းထံမှ စကားစလာခြင်းဖြစ်သည် ။ နေလဲ ခေါင်းညိတ်ပြကာ ရှိန်းလက်ထဲမှ အဝတ်အစားထုတ်ကို ယူလိုက်သည် ။

"ရပါတယ် ဒီအတိုင်းထားလဲ ရတယ် "

"ဘာဖြစ်လို့ ဆွဲ လုနေတာလဲ "

"ခင်ဗျားဘီရိုထဲမှာ အဝတ်အစားတွေက တန်ဖိုးကြီးတွေချည်ပဲ နေမှာ ကျွန်တော့်အဝတ်အစားတွေက "

"အဟင်း ဘာဖြစ်လဲ မင်းအတွက် လုံခြုံဖို့ အဝတ်အစားပဲလေ တန်ဖိုးကအရေးမကြီးပါဘူး "

"ဒါပေမဲ့ ကျွန်တော် အားငယ်တာပေါ့ "

"ဒါဆို မနက်ဖြန် မင်းအတွက် အဝတ်အစားအသစ်တွေသွားဝယ်မှ ရမယ် "

"အပိုကုန်အောင် ဒါတွေဝတ်လဲ ရပါတယ် "

"မင်းပဲ အားငယ်တယ်ဆို ဒီမှာနေထွန်းရာ ငါမင်းကို အရင်ကသာ အထင်သေးခဲ့တာပါ အခု ငါမင်းကို အထင်မသေးဘူး အထင်တောင်မှ ကြီးသေးတယ် အဝတ်အစားတန်ဖိုးက လူတစ်ယောက်ရဲ့ တန်ဖိုးကို ဖြတ်မရပါဘူး ပေး ငါ့ဘီရိုထဲပဲ ထည့်ထားမယ် "

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now