အပိုင်း (၁၄)

3.8K 170 0
                                    


ကုမ္ပဏီအတွင်းသို့လျှောက်ကာဝင်လာကြတဲ့ သားအဖသုံးယောက် ။ တစ်ဦးချင်းစီမှာ ပင်ကိုယ် အထာကျမှုတွေရှိသည် ။ ထိုအထဲမှာမှ အမျိုးသမီးတစ်ယောက် ထိုအမျိုးသမီး ဟာ အရမ်းကို ဆွဲဆောင်မှုရှိသည် ။

အသက်အားဖြင့် ၂၅ နှစ်သာရှိသေးပြီး နိုင်ငံခြားမှာ ဘွဲ့တွေယူလာခဲ့တဲ့ သူမ ။

လျှောက်လာတဲ့ သူမပုံစံ သူမရဲ့ အချိုးအစားကျလှတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပြုံးလိုက်ရင် ချစ်ဖို့အရမ်းကောင်းသည် ။ တင် ရင် ခါး အားလုံးက ဆွဲဆောင်မှုရှိသည် ။ တဝန်းလုံးရှိ ကျားကျားမမ အားလုံးသော လူတွေရဲ့ အကြည့် ငေးမောမှုကို ခံနေရလောက်အောင် ဆွဲဆောင်မှုက ပြင်းလှသည် ။

သူမနာမည်က မေဘယ်ထွဋ်ခေါင် ။

လက်ရှိ ဦးရာဇာ ဒေါ်မြတ်သိင်္ဂီ တို့ရဲ့ သမီးအငယ်ဖြစ်ပြီး ဖခင်ရဲ့ အလုပ်မှာပါ ကူညီပြီး လုပ်ကိုင်နေတယ်လေ ။ ဖခင်ဆိုပေမဲ့ ဖခင်အရင်းမဟုတ်ပဲ ပထွေးဖြစ်သည် ။ သို့ပေမဲ့ ဖခင်အရင်းတစ်ယောက်လို သူမအပေါ် သမီးအရင်းတစ်ယောက်လို ချစ်ခင်ကြင်နာပြီး စောင့်ရှောက်ပေးတဲ့ ဦးရာဇာကို သူမကလဲ ဖခင်အရင်းတစ်ယောက်လို သဘောထားပါသည် ။

သားအကြီး မိုးမြတ်ထွဋ်ခေါင် ကတော့ အလုပ်ကိုလဲဝါသနာမပါ ကူလဲ မကူညီတဲ့အပြင် ဦးရာဇာကိုလဲ ဖခင်လိုသဘောမထား ။ ဦးရာဇာကို မုန်းတီးနေတဲ့သူ ။

သို့ပေမဲ ဒီနေ့တော့ မိခင်ရဲ့ အမိန့်နဲ့ သူမလိုက်ချင်ပဲ ဦးရာဇာနဲ့အတူ လိုက်လာခဲ့ရသည် ။

"ရောက်လာကြပြီလား ဦးရာဇာ ကြိုဆိုပါတယ်နော် "

ကုမ္ပဏီရဲ့ အထဲမှ စောင့်နေကြတဲ့ ဦးမိုးမင်းထူး နဲ့အတူ ဇနီးငယ်လေး ​မြတ်နိုးအိမ့် တို့က သူတို့အား ကြိုဆိုလို့ နေကြသည် ။

"ချိန်းထားတဲ့အချိန်ထက် နည်းနည်းနောက်ကျသွားတယ် စောရီးနော် ဦးမိုးမင်း "

"မဟုတ်တာဗျာ ကျွန်တော်ကသာ တောင်းပန်ရမှာ ဦးရာတို့လို ပုဂ္ဂိုလ်မျိုးကို ဆိုင်ကောင်းကောင်းမှာ မချိန်းပဲ ကုမ္ပဏီမှာပဲ ချိန်းလိုက်ရလို့ အားနာနေတာ "

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now