အပိုင်း (၅)

4.9K 178 0
                                    


ရှိန်း ရဲ့ဒဏ်ရာတွေက သက်သာသွားပြီဖြစ်ကာ ဆေးရုံဆင်းဖို့ ရက်က နီးလာပြီ ။ အိမ်ကလဲ သိသွားတော့ ရှိန်းကို အိမ်မှာပဲ ပြန်နေစေချင်သည် ။

ဆေးရုံတတ်ခဲ့တဲ့ အလျောက် အစပိုင်းမှာ အိမ်ကိုအသိမပေးပဲနေခဲ့ရာမှ အိမ်က သိသွားတော့ ကြီးမေတို့ အရမ်း စိတ်ပူသွားခဲ့သည် ။ ဆေးရုံကို လိုက်လာပြီး ငိုယိုပြီး သူတို့ကိုမပြောရကောင်းလားဆိုပြီး ရှိန်းကို အပစ်တင်ကြသည် ။

ထိုစဥ်က နေထွန်းရာလဲ ရှိနေတော့ သူတို့မိသားစုလေး ခက်ခဲနေချိန်ငိုနေကြတာကို မြင်ပြီး သူပါ မျက်ရည်ကျခဲ့ရသေးသည် ။

အမြဲတမ်းမဟုတ်ပေမဲ့ အိမ်ကို အသိမပေးပဲ ဆေးရုံမှာနေနေရတဲ့ သူ့ကို နေ တစ်ရက်ခြား နှစ်ရက်ခြားဆိုသလို စွပ်ပြုတ်သော်လည်ကောင်း စားစရာအချို့ကိုသွားပြီး ပို့ဖြစ်သည် ။

သူက မသွားချင်တောင် အမေနဲ့ မမက အတင်းသွားခိုင်းနေတော့ နေ သွားကိုသွားရသည် ။ ထိုအခါမျိုးမှာ မင်းမောင် သိအောင် သွားရသလို မသိအောင်လဲသွားရတတ်သည် ။

သူတို့မှာ တခြားစိတ်မျိုးမရှိပေမဲ့ အမြဲဆိုသလိုမျိုးဆို မသင့်တော်တာမို့ မသိအောင် သွားသင့်တယ်လို့ နေထင်တယ်လေ ။ ဒါပေမဲ့ မသိအောင်ဆိုတာတတ် သူမသိချင်နေတာမျိုးဖြစ်နေတာကြောင့်လား ဆိုတာ မင်းမောင်ကိုယ်တိုင်ပဲသိလိမ့်မည် ။ အခုတလော အလုပ်အရမ်းရှုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေ့ကို အသက်အသွယ်မလုပ်တာ တခါတလေများဆို သုံးလေးရက်ဆိုသလိုမျိုးတောင် ကြာဖြစ်သည် ။

"မင်းလူကြီးကိုတော့ ခေါ်မလာဘူး "

"သူမအားဘူးထင်တယ် "

"မနေ့ကတောင် လာသေးတယ် "

သူ့စကားသူဆိုပြီး ရှိန်းဆက်ပြီးမပြောတော့ပဲ ရပ်တန့်သွားသည် ။ နေလဲ ဆက်မမေးဖြစ်တော့ပဲ သူလိုအပ်တာကို လုပ်ပေးပြီး ပြန်သွားတတ်တာများသည် ။

ကြီးမေတို့ လိုက်လာတဲ့နေ့ကဆို နေ စွပ်ပြုတ်ယူလာပို့ပေးတာနဲ့ တစ်ရက်ထဲ ဖြစ်နေတော့ ကြီးမေတို့နဲ့တောင် နေ့ကို မိတ်ဆက်ပေးဖြစ်သည် ။

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now