အပိုင်း (၃၇) 🔞🔞🔞

7.1K 138 2
                                    


"နေက ကျွန်တော့်မျက်နှာနဲ့ ဒီအိမ်ကိုလိုက်လာခဲ့ရတာပါဒယ်ဒီ ကျွန်တော်မရှိရင် သူ အရမ်းအားငယ်နေလိမ့်မယ် ပြီးတော့ ကျွန်တော်မရှိရင် သူ့ကိုတိုက်ခိုက်ဖို့ အစီအစဥ်တွေရှိလာနိုင်တယ် အဲဒီအချိန် သူ့ကို ဒယ်ဒီကာကွယ်ပေးပါ နေ့ကို ဒယ်ဒီသဘောမကျဘူးဆိုပေမဲ့ ကျွန်တော်မရှိစဥ်ကာလအတွင်းမှာတော့ ဒယ်ဒီနေ့ကို ကျွန်တော့်အစား ကာကွယ်ပေးပါ ဒယ်ဒီကျွန်တော်တောင်းဆိုတာ လက်ခံပေးဖို့ မျှော်လင့်ပါတယ် "

သားဖြစ်သူရဲ့ တောင်းဆိုမှုကို သူ မပယ်ရှားနိုင်ပါ ။ဟုတ်ပါတယ် ။ သူပြောသလို သူ့အစား ဦးမိုးမင်းထူး နေ့ကို ကာကွယ်ပေးခဲ့တာပါ ။

အလုပ်ကိစ္စအတွက် ပြည်ပရောက်နေတဲ့သားကို သူစိတ်ဖြောင့်စေချင်သည် ။ သူချစ်တဲ့ နေထွန်းရာတောင်မှ သူ့အတွက် ငှဲ့တွက်ပြီးစဥ်းစားပေးနေသေးရင် သူက ဖခင်အရင်းတစ်ယောက်ပါ ။ သားကိုစိတ်ဖြောင့်ဖို့ သူဘာကြောင့်မလုပ်နိုင်ရမှာလဲ ။ နေထွန်းရာကို ကာကွယ်ပေးဖို့ သူသဘောတူပေးခဲ့သည် ။

"ဒါက နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး ပြန်လာရင် ငါ့ကိုတောင်းဆိုမဲ့ တောင်းဆိုမှုလို့ သတ်မှတ်လိုက်ရမှာလား "

"မဟုတ်ပါဘူး အခုတောင်းဆိုတာက ကျွန်တော့်ရဲ့ ယုံကြည်ရတဲ့ ဒယ်ဒီဆိုတဲ့ အသိနဲ့တောင်းဆိုတာပါ အလုပ်ကပြန်လာမှ တောင်းဆိုမဲ့ဟာက အလုပ်က. အပြန်မှပေါ့ "

တကယ် လူလည်ကျတဲ့သားလေ ။ ဖအေကို ဘယ်လိုပြောရင် ရတယ်ဆိုတာ သူသိနေတယ် ။ ဖအေတူသား ဆိုပြီး ဦးမိုးမင်းထူး ကြိတ်ပြီး သဘောကျမိသေးတာ ။

"ဒီလက်စွပ်က အတုပေါ့လေ ဒါဆို အစစ်က ဘယ်မှာလဲ ဦးလေး "

"မခက်ပါဘူး အတူကို ခြေရာခံရင် အစစ်ကို ပြန်တွေ့ရမှာပေါ့ ဒီတော့မှ တရားခံက ဘယ်သူဆိုတာ သိလာလိမ့်မယ် "

နေ နဲ့ ဦးမိုးမင်းထူးပြောတဲ့စကားတွေကို ကြားပြီး သွေးပျက်နေတဲ့သူက မြတ်နိုးအိမ့် ။ မျက်နှာတစ်ခုလုံး ဖြူစွတ်နေပြီး သွေးမရှိတဲ့ လူသားတစ်ယောက်ပမာ ။

"ဒါနဲ့ အိမ့် "

"ဟင် ရှင် အကိုကြီး "

ဦးမိုးမင်းထူး ခေါ်လိုက်လျှင်ပင် ပြာယာခတ်ကာနေတဲ့ မြတ်နိုးအိမ့်အား အားလုံး ကြည့်နေသည် ။

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now