အပိုင်း (၃၂)

3K 137 1
                                    


ညစာ ထမင်းမစားဘူးဆို၍ မိတုတ်အား ထမင်းသွားပို့ခိုင်းသော်လဲ နေ လက်မခံလိုက်၍ ရှိန်းကိုယ်တိုင်ယူလာခဲ့သည် ။

ထိုသို့ ယူလာခဲ့ရသည်မှာလဲ ဒယ်ဒီရဲ့ ငြိုငြင်မှုတွေနဲ့ပေါ့ ။

အပေါ်ထပ်သို့ ယူသြားတဲ့ ထမင်းဟင်းတွေအား ပြန်ယူလာတဲ့ မိတုတ်အား ရှိန်းခေါ်လိုက်သည် ။

"မိတုတ် ဘာလို့ပြန်ယူလာတာလဲ "

"မဆာဘူး မစားချင်ဘူးတဲ့ တံခါးတောင်ဖွင့်မပေးဘူး အကိုလေး "

"အလကား နေမကောင်းတာလဲမဟုတ်ပဲ သူ့ဘာသာအငတ်ခံနိုင်လို့နေတာ သွားပို့နေစရာတောင်မလိုဘူး ဧည့်သည်ရှိနေတာ ဧည့်ဝတ်ပြုရမှာကို မဟုတ်ပဲ ရိုင်းနေသေးတယ် ဟင်း "

မိတုတ္စကားအဆုံးမွာ နေ့အား ဦးမိုးမင်းထူး အပြစ်တင်စကားဆိုသည် ။

"တကယ်လဲ မဆာလို့နေမှာပါ ပြီးတော့ အပြင်ကပြန်လာတော့ ပင်ပမ်းလာတယ်လို့ပြောတယ်လို့ ပင်ပမ်းလို့လားမှ မသိတာ "

"ဘာတွေများ လုပ်ရလို့ ပင်ပမ်းမှာလဲ အလကား အပိုတွေလာလုပ်နေတာ မင်းသူ့ကို ကြပ်ကြပ်အလိုလိုက် ရှိန်းခန့်ထူး ဒီထက်ပိုပြီး ရိုင်းစိုင်းလာမယ် "

"သမီး ပြန်ပါတော့မယ် ဦးလေး "

"အင်း ဝပြီလား သမီးလေး ဒါဆို သမီးကိုအိမ်ရှေ့ထိ လိုက်ပို့ပေးလိုက်ပါ သား "

"နေပါစေ ကိုရှိန်း အစားပျက်နေမယ် "

"ကျွန်တော်စားလို့ဝပြီ အိမ်ရှေ့ထိ လိုက်ပို့ပေးပါ့မယ် မိတုတ် အဲဒီထမင်းနဲ့ဟင်းကို မလှယ်နဲ့တော့ ငါသွားရင် ယူသွားမယ် "

ရှိန်းပြောကာ မေဘယ်အား အိမ်ရှေ့ထိ လိုက်ပို့ပေးသည် ။

"ကားကိုဂရုစိုက်ပြီးမောင်းနော် "

"ဂရုစိုက်ဖို့ပြောလို့ကျေးဇူးပါ ဒါနဲ့လေ မေဘယ်ဒီအိမ်ကိုလာတာ ကိုရှိန်းတို့ကို အဆင်မပြေဖြစ်စေတယ် ထင်တယ် "

"ရပါတယ် "

"အင်း မေဘယ်ကတော့ ကိုရှိန်းကို ကိုယ့်အကိုကြီးတစ်ယောက်လို သေဘာထားတာပါ ပြီးတော့လေ ကိုရှိန်းနဲ့ ချစ်သူမဖြစ်နိုင်တော့ပေမဲ့ သူငယ်ချင်းဖြစ်ခွင့်တော့ ပေးပါနော် "

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now