အပိုင်း (၈)

4.5K 194 1
                                    

"လွှတ် လွှတ် "

ဘားရဲ့ အပြင်သို့ရောက်တော့ ရှိန်းရဲ့လက်တွေကို ဖြုတ်ကာ လွှတ်ဖို့ပြောကာ ရုန်းနေသည် ။ သို့သော် ဒေါသကြောင့်လားမသိ ရှိန်း ​လွှတ်မပေးပဲ ဆက်ကာဆွဲသွားတော့ နေ ပါသွားရသည် ။

ကားပါကင်နားရောက်ကာ သူ့ကားအနားတော့ နေ့ကို ကားပေါ်တတ်ဖို့ပြောရာ နေ မတတ်ပဲ ငြင်းမိသည် ။

"တတ် လေ မင်းဘာလုပ်နေတာလဲ "

"မတတ်ဘူး ခင်ဗျား ဘာဝင်ရှုပ်တာလဲ ကျွန်တော် အလုပ်ဆက်လုပ်ရမယ် "

"ဘာအလုပ်လဲ အဲဒီဖာ အလုပ်လားဟင် အဲဒီရွံစရာကောင်းတဲ့အလုပ်ကို မင်းလုပ်မလို့လား မင်း ငါမင်းကိုအထင်ကြီးထားသမျှအလကားပဲ "

"ခင်ဗျားအထင်ကြီးစရာလဲမလိုသလို ခင်ဗျားအထင်သေးလဲ ကျွန်တော်ဂရုမစိုက်ဘူး လွှတ် "

နေ ပြောကာ သူ့ရဲ့လက်တွေကို စောင့်ရုန်း၍ သူ့အနားမှ ထွက်လာခဲ့သည် ။ သို့ပေမဲ့ ရှိန်း နောက်က လိုက်လာပြီး သူ့ရဲ့လက်ကိုပြန်ဆွဲထားလိုက်သည် ။

"ခင်ဗျားဘာလုပ်တာလဲ လွှတ် "

"ငါမင်းကို အသည်းကွဲနေမယ်ထင်တာ မင်းကို ငါ့လိုအရမ်းချစ်တတ်တဲ့သူလို့ထင်ထားတာ ငါ့လိုအသည်းကွဲပြီး နာကျင်နေမယ်ထင်တာ "

"အဲလိုနာကျင်တော့ရော ဘာရမှာလဲ အသည်းကွဲတော့ရော ဘာရမှာလဲ အရမ်းချစ်တတ်တော့ရော ဘာရမှာလဲ "

နေ သူ့ကိုကြည့်ပြီး အော်ကာပြောရင်း ပါးပြင်ထက်မျက်ရည်များ စီးကျလို့လာသည် ။

"မင်းလဲ တခြား အခြောက်တွေလိုပါပဲ ရွံဖို့ကောင်းတယ် ကိုယ်ကျင့်သိက္ခာမရှိဘူး ငွေရဖို့အတွက်ပဲ စိတ်ဝင်စားတာ ငါ့သူငယ်ချင်းဆီက အဆက်အသွယ်ဖြတ်ခ မင်းဘယ်လောက်ရလိုက်လဲ ဟမ် ဒါတင်အားမရလို့ အခုလို အောက်တန်းကျတဲ့အလုပ်လာလုပ်နေတာလား "

"ခင်ဗျားသိစရာမလိုပါဘူး ခင်ဗျားကရောဘာထူးလဲ ဆင်းရဲတဲ့သူဆို နှိမ့်ချဖို့ပဲသိတာ အခြောက်ဆိုတာနဲ့ အဲကိစ္စကိုပဲ မြင်နေတာ "

"မဟုတ်လို့လား မင်းယောကျ်ားဖြစ်ပြီးရော အိပ်ချင်နေတာမဟုတ်ဘူးလား ဒါကြောင့် ငါနဲ့ပါ အိပ်ခဲ့တာမလား "

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now