အပိုင်း (၃၆)

3.6K 132 0
                                    

သူ့အတွက် ခရီးဆောင်အိတ်ထဲသို့ အဝတ်အစားတွေ ထည့်ပေးရင်း နေ ဝမ်းနည်းမိကာ မျက်ရည်များ ဝဲလို့လာသည် ။

မနက်ဖြန် မနက်စောစောဆို ကိုကို နိုင်ငံခြားကို ခရီးထွက်ရတော့မှာလေ ။ တစ်ပတ်လောက်ပဲ ကြာမှာဆိုပေမဲ့ သူနဲ့ မခွဲရတာကြာတော့ ခြဲရမယ္ဆိုတဲ့အသိက နေ့ကို စိတ်မကောင်းဖြစ်စေသည် ။

"နေ စိတ်မကောင်းဖြစ်နေတာလားဟင် "

အဝတ်အစားတွေထည့်ပေးရင်းမျက်နှာမကောင်းတဲ့ နေ့အနားကို ရှိန်းထိုင်၍ မေးသည် ။ ဒီတော့ နေ သူ့အားမကြည့်ပဲ ခေါင်းညိတ်ကာ ဖြေသည် ။

"ကိုကို အလုပ်ကိစ္စပြီးတာနဲ့ အမြန်ဆုံးပြန်လာမှာပါကွာနော် "

"အင်း ကျွန်တော်နားလည်ပါတယ် ဒါပေမဲ့ ဝမ်းနည်းတာကို ကျွန်တော် မတားနိုင်ဘူးလေ ခဏဆိုပေမဲ့ ကိုကိုနဲ့ ခြဲရမယ္ဆိုတဲ့ အသိက ကျွန်တော့်ကိုဝမ်းနည်းစေတယ် အဲဒါက ကိုကို့ ကို အနှောင့်အယှက်ဖြစ်မှာစိုးတယ် "

ပြောရင်း ရှုံ့မဲ့မဲ့လေးဖြစ်လာတဲ့ နေ့ကို သူ့ရင်ခွင်ထဲ၍ ဖက်ထားလိုက်သည် ။

"မဖြစ်ပါဘူးနေရယ် ကိုကိုလဲ နေ့လို ခံစားရတာပဲ ကိုကိုလဲ နေနဲ့ ဘယ်ခွဲချင်ပါ့မလဲ မလွှဲသာလို့သာ ခွဲရမှာလေ ပြီးတော့ ကိုကို ဟိုမွာ အလုပ်ကိစ္စအောင်မြင်ခဲ့ရင် ဒယ္ဒီ့ကို တစ်ခုတောင်းဆိုမယ်လို့ ကိုကို ပြောထားတယ် ဒယ္ဒီကလဲ ကိုကိုတောင်းဆိုတာကို ခွင့်ပြုမယ်တဲ့ "

"ကိုကိုက ဘာတောင်းဆိုမှာလဲ "

"ပြန်လာမှပြောပြမယ် အခုပြောပြလိုက်ရင် သိပ်ရင်ခုန်စရာမကောင်းပဲ ဖြစ်နေမယ် သေချာတာတစ်ခုက ကိုကိုတောင်းဆိုမှာ နေ့ကို ပျော်ရွှင်စေမယ့်အရာပဲ ဆိုတာပေါ့ "

ချစ်ရတဲ့ သူ့ရဲ့ရင်ခွင်ကျယ်ကြီးထဲမှာ ခိုဝင်မှေးစက်ကာ မျက်လုံးအစုံအားမှိတ်ထားမိသည် ။ ဒီရင်ခွင်ရဲ့အနွေးဓာတ်နဲ့ ခဏ ဝေးရမယ်ဆိုတော့ အခုကတည်းက အဝ ယူထားရမယ်လေ ။

"နေ "

"ဟင် "

နေ့အား ဖက်လို့ထားရင်းမှ ရှိန်းခေါ်လိုက်တော့ နေ သူ့ရင်ခွင်ထဲမှထွက်ကာ မျက်လုံးကိုဖွင့်ကာကြည့်လိုက်သည် ။ ရှိန်း တစ္စုံတစ္ခုအား ပြောရန် ပြင်ကာ နှုတ်က တွန့်ကာ ပြောမထွက်နေသလို ဖြစ်နေသည် ။

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now