အပိုင်း (၂၅)

4.1K 157 0
                                    


မြင်းလှည်းသမားပြောသလို အိမ်ကြီးက အရမ်းကို ကြီးကျယ် ခမ်းနားလှသည် ။ ခြံထဲမှာ ပန်းပင်တွေကအရောင်စုံအောင် ပွင့်ဖူးနေကြ ကာ အရမ်းကို လှပနေသည် ။

ခြံစောင့် ဦးလေးကြီးအား သူက ဒီကိုပြောင်းလာတဲ့ သူနာပြုဆိုတာပြောပြတော့ သူ့ရဲ့နောက်ကိုလိုက်လာဖို့ နေ့အားပြောသည် ။ ဦးလေးကြီးက အသက်ကြီးနေပြီဖြစ်ကာ ဆံပင်တွေကလဲ ဖြူပြီး ခါးကလဲ အနည်းငယ်ကုန်းနေသည် ။

"ဒီမှာ ထိုင်စောင့်ပါ ဦးလေး သခင်လေးကို သွားခေါ်လိုက်ပါ့မယ် "

အိမ်ထဲရောက်တော့ နေ အားထိုင်ခိုင်းကာ သူ အထဲသို့ ဝင်သွားသည် ။

အိမ်ကြီးအား နေ မျက်လုံးတဆုံး လျှောက်ကြည့်နေပြီး နံရံမှာ ချိတ်လို့ထားတဲ့ ပန်းချီ တစ်ခုမှ အကြည့်ဆုံးသွားခဲ့သည် ။ ထိုပန်းချီက ရသမြောက်လို့လားဆိုတော့လဲ ဟုတ်လောက်ပေမဲ့ ထိုရသဆိုတာထက် အမျိုးသားနှစ်ယောက် အဝတ်အစား ဗလာကျင်းနဲ့ နှုတ်ခမ်းချင်း နမ်းလို့နေကြသည် ။ အဝတ်အစား မပါပေမဲ့ အမြင် ရိုင်းတယ်လို့ မထင်ရအောင် ဆွဲထားတဲ့ ပန်းချီဆရာရဲ့ အနုပညာကိုတော့လေးစားရလိမ့်မည် ။

ဒီအိမ်ရှင်က လိင်တူ စိတ်ဝင်စားနေခြင်းမျိုးလား ဆိုပြီး ပန်းချီကိုကြည့်ကာ နေ ခန့်မှန်းလိုက်သည် ။

"အဟင်း "

ပန်းချီအား အာရုံရောက်နေစဥ် နောက်မှာ လူရောက်နေတာကိုတောင် သတိမထားမိပဲ ခြံစောင့်ကြီး ချောင်းဟန့်မှ နောက်လှည့်ကြည့်လိုက်ရာ ဝှီးချဲပေါ်၌ သူ ပြုစုပေးရမဲ့ လူနာကိုမြင်လိုက်ရာ နေ ခြေလှမ်းများ နောက်ဆုတ်လို့သွားသည် ။

အံ့ဩကာ တုန်လှုပ်မိသည် ။ သူဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ပေမဲ့ တကယ်သူဖြစ်နေ၍ နေ လွန်စွာ အံ့ဩမိသည် ။

ရှိန်း ဝှီးချဲ ပေါ်မှ သူ့ကို ကြည့်နေပြီး ဘာစကားမျှမဆို ။

"သူက သခင်လေးကို ပြုစုပေးဖို့ရောက်လာတဲ့ သူနာပြုပါ "

နှစ်ဦးသားအကြည့်ခြင်း ဆုံနေရာ ဘာစကားမှမပြောကြတော့ ခြံစောင့်ကြီးက ကြားမှ ဝင်ပြောသည် ။

ဟန်ဆောင် သတို့သား 🔞(Completed)Hikayelerin yaşadığı yer. Şimdi keşfedin