အပိုင်း (၂၄)

3.9K 162 0
                                    

နေ သူ့ရဲ့လည်ပင်နဲ့ ခန္ဓာကိုယ်အား ပွတ်နေရင်း အင်္ကျီ​ ကို ချွတ်လိုက်တော့ ရှိန်း ကြည့်နေမိသည် ။

"နေ ဘာလုပ်မလို့လဲ "

"အင်း ပူတယ် ဟင်း ရေသောက်ချင်တယ် "

"ဒါဆို ငါသွားဝယ်လိုက်မယ်လေ ကားထဲက စောင့်နေနော် "

၂၄ နာရီဖွင့်တဲ့ဆိုင် စျေးဆိုင်တစ်ခုမှာ ကားရပ်၍ ရေသန့်ဗူး တစ်ဗူး ဆင်းကာ ဝယ်လိုက်သည် ။ ရေဗူးဝယ်ပြီး ပြန်လာ၍ ကားထဲသို့ဝင်ကာ နေ့အားကြည့်လိုက်တော့ နေခန္ဓာကိုယ်၌ အောက်ခံဘောင်းဘီတစ်ထည်သာ ကျန်တော့သည် ။

သူ့ကိုယ်သူ အသိစိတ်ကထိမ်းဖို့ နားလည်ပေမဲ့ မစိတ်က ဖြစ်ပေါ်လာတဲ့ စိတ်ရိုင်းက ထိန်းမရတော့ နေ သူ့ကို ရီဝေစွာကြည့်နေမိသည် ။ ထိုနည်း၎င်း ရှိန်းလဲ နေ့ကို မှင်သက်ကာ ကြည့်နေမိသည် ။

"ကျွန်တော် အရမ်းပူနေလို့ "

"အင်း ငါနားလည်ပါတယ် ရော့ ဒီမှာရေ သောက်လိုက် "

ရှိန်းပေးတဲ့ ရေဗူးကို ဖွင့်ကာ နေသောက်လိုက်ပေမဲ့ ပူနေတာက မသက်သာ ။ ပူနေတာက လိုချင်တပ်မက်မှုကြောင့် လောင်ကျွမ်းနေရတဲ့ အပူမျိုးဖြစ်ကာ ထိုကိစ္စမပြီးမြောက်ပဲ သူ့အတွက် အဆင်ပြေနေမှာမဟုတ်ပေ ။

ဒါကြောင့် နေ ကားတံခါးကိုဖွင့်ကာဆင်းရန်ပြင်တော့ ရှိန်း တားလိုက်သည် ။

''မင်း ဘာလုပ်မလို့လဲ "

"ကျွန်တော့်ကို ဒီမှာပဲ ထားခဲ့လိုက်ပါ ခင်ဗျားပြန်တော့ "

"ဘာလို့မင်းကိုထားပြီးပြန်ရမှာလဲ "

"ကျွန်တော် မထိန်းနိုင်တော့ဘူး ကျွန်တော် လိုချင်တယ် "

နေ မျက်လုံးကို အစုံမှိတ်ကာ ဆိုသည် ။ သူ သည်းမခံနိုင်တော့ပါ ။ ဆေးအစွမ်းက ပြကာ သွေများပေါက်ထွက်တော့မည့်အလား ဆူပွက်နေလေပြီ ။

"ငါကရော အဲဒါကို မကူညီနိုင်တာမို့လား "

ပြောကာ နေအနားသို့တိုးကပ်ကာ နေ ဖွင့်ရန်ပြင်နေတဲ့ ကားတံခါးကိုပြန်ပိတ်လိုက်သည် ။ နီးကပ်နေတဲ့ သူတို့အကြား၌ အသက်ရှူသံပြင်းပြင်းက တစ်ယောက်ကို တစ်ယောက် တိုးဝှေ့လိုက် ။ နေရဲ့လည်တိုင်ကို ရှိန်းကိုင်ကာ နေ့ရဲ့ နှုတ်ခမ်းအား ရှိန်းစတင်ကာ နမ်းလိုက်သည် ။

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now