အပိုင်း (၂၇)

3.9K 142 0
                                    


သူ့အဖြစ်အပျက်ကို ဖုန်းမှတဆင့် ပြောပြတော့ သူသူ သဘောကျနေသည် ။ သူ ပြုစုပေးရတဲ့ လူနာက ရှိန်းဆိုတာသိတော့ သူမ တကယ်ကို အံ့ဩသွားရတာ ။ သူတို့ ပြန်ပြီး အဆင်ပြေသွားပြီဆိုတာပါပြောပြလိုက်တော့ သူသူ သူငယ်ချင်းအတွက် ပီတိတွေ ဖြစ်လို့ပေါ့ ။

ရှိန်းနဲ့ ခွဲခွာခဲ့တဲ့ တစ်နှစ်ကာလမှာ နေဘယ်သူ့ကိုမှ စိတ်မဝင်စားခဲ့သလို ဘယ်သူ့ကိုမှလဲ မချစ်ခဲ့ ။ ရှိန်းကိုပဲ မျှော်လင့်တမ်းတနေတာ သူမသိတော့ ရှိန်းနဲ့ သူ အခုပြန်အဆင်ပြေသွားတဲ့အပေါ် နေ့အတွက် သူမ စိတ်အေးရပါသည် ။

"အခုလိုတွေ ဖြစ်လာတော့ ဒါက နင့်တို့ရဲ့ ဖူးစာလို့ပြောရမယ် ဟင်း ငါတကယ်စိတ်ချမ်းသာတယ် သိလား "

"အင်း ဒီကိစ္စကို အိမ်ကိုတော့အသိမပေးထားဘူး နင်လဲ လျှို့ဝှက်ထားပေးနော် "

"အေးပါ နင့်လူကြီး ခြေထောက်တွေက သက်သာတယ်မဟုတ်လား "

"အခြေအနေကတော့ ကောင်းလာပါတယ် မကြာခင်လမ်းပြန်လျှောက်နိုင်မယ်လို့ ဒေါက်တာကလဲ ပြောတယ် "

"အေးပါ နင်အဆင်ပြေတယ်ဆိုပြီးတာပဲ "

"အေး သူက ခေါ်နေပြီ ဒါပဲနော် သူငယ်ချင်း "

"အေးအေး ဂွတ်နိုက်နော် "

"ဂွတ်နိုက် ဂွတ်နိုက် "

ရှိန်းရဲ့ အခန်းအနောက်ဘက် ဝရံတာ၌ သူသူနဲ့ ဖုန်းပြောနေရာ ရှိန်းက လှမ်းခေါ်၍ နေဖုန်းချကာ သူ့ထံ လာခဲ့ရသည် ။

"ဘာလုပ်နေတာလဲ "

နှုတ်ခမ်းအားစူပုတ်ကာ သူ့ကို ကြည့်၍မေးရာ သူစိတ်ဆိုးနေပုံရမှန်း နေသိလိုက်သည် ။ ဒီတော့ နေ သူ့လက်ထဲက ဖုန်းကို လှုပ်ပြကာ ပြောသည် ။

"ဖုန်းပြောနေတာလေ "

"ဖုန်းပြောနေတာသိတယ် ဘယ်အကောင်နဲ့ပြောနေတာလဲ "

သူ့စကားကြောင့် နေ ပြုံးမိသည် ။ နှုတ်ခမ်းကြီးစူကာပြောနေရတဲ့ အကြောင်းကို သူ သိသွားလို့လေ ။

"သဝန်တိုတာလား "

"မတိုပဲနေမလား ကိုယ်ချစ်ရတဲ့သူ ကိုယ်မဟုတ်တဲ့တခြားသူနဲ့ ဖုန်းပြောနေတာ ဘယ်ရည်းစားက ကြိုက်မှာလဲ ကိုကို့အကြောင်းကို နေ့ကိုပြောပြထားတယ် မေဘယ်နဲ့ လမ်းခွဲမယ်ဆိုတာပေါ့ နေ့အကြောင်းကျ ကိုကို မသိရဘူး ကိုကိုနဲ့ မတွေ့ရတဲ့ တစ်နှစ်အတွင်း ဘယ်ကောင်လေးတွေနဲ့ တွဲခဲ့လဲဆိုတာလေ "

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now