အပိုင်း (၂၆)

4K 161 0
                                    


ပြောစရာပင်မလို ။ နေက ကြည့်လိုက်တာနဲ့ ပြောစရာမလိုလောက်အောင် နားထောင်တဲ့ရှိန်း ။ ဟိုဟာမလုပ်ချင်ဘူး ဒီဟာမလုပ်ချင်ဘူး ။ ဆေးက ခါးတယ် မေသာက္ဘူး စသည်ဖြင့် ကြီးမေတို့ကိုပြောပေမဲ့ နေက လုပ်ခိုင်းရင် ဘာမှဆင်ခြေမပေးပဲ နာခံတတ်တော့ နေရောက်လာတာကို ကြီးမေတို့ ကျေနပ်နေကြသည် ။

အခုလဲ လေကောင်းလေသန့်ရှုရမယ်ဆိုလို့ ခြံထဲကို ထွက်လာခဲ့သည် ။ ကြီးမေတို့ကပြောတော့ မလုပ်ချင်ဘူး ငြင်းနေတာကို နေက ကြည့်လိုက်တာနဲ့ ဘာမှမပြောပဲ နာခံသည် ။

"ခင်ဗျားနေပြန်ကောင်းချင်တယ်ဆို ဒေါက်တာခိုင်းတဲ့အတိုင်း လုပ်ရမှာပေါ့ ၊ ဟိုဟာမလုပ်ချင်ဘူး ဒီဟာမလုပ်ချင်ဘူး ငြင်းနေလို့ သက္သာသြားမွာမွမဟုတ္တာ ဒီလို မလုပ်ချင်လို့ ခင်ဗျား နေပြန်မကောင်းတာ "

ထိုသို့နာခံရပြန်ရင်လဲ ကိုယ်တော်ချောလေးက ဩဝါဒေတြ တသီကြီးကို နားမခံသာအောက် ခြွေတော့တာ ။

"ငါအခုလို နေနိုင်တာ ဘယ်လောက်မှ မကြာသေးဘူး "

ကြီးမေပြောပြထားလို့ နေသိသည် ။ အက်စီးဒင့်ကြောင့် ရှိန်း အချိန်အကြာကြီး သတိမရခဲ့တာကိုလေ ။ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် အသက်အန္တရာယ်စိုးရိမ်ရကာ အရေးပေါ်ခွဲစိတ်မှုလုပ်ခဲ့ရသည် ။

ဒဏ်ရာတွေက ပြင်းထန်လွန်းတော့ ဆရာဝန်တွေ အစွမ်းကုန် ကြိုးစားခဲ့လို့ အသက်အန္တရာယ်က လွတ်ခဲ့သော်လဲ သတိပြန်မရလာခဲ့ ။ ဒေါက်တာတွေရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံခြားမှာ ဆေးသွားကုခဲ့ရသည်အထိ ဖြစ်ခဲ့ပေမဲ့ သူ သတိပြန်မရလာခဲ့ဘူးတဲ့လေ ။

ကြီးမေပြောပြတဲ့ နေ့ကဆို သူ သတိပြန်ရလာခဲ့တာ ခြောက်လ ပြည့်တဲ့နေ့ဆိုတော့ ခြောက်လနီးပါး သူ သတိမရခဲ့တာပေါ့ ။

သတိပြန်ရလာတော့လဲ မြန်မာနိုင်ငံကို ပြန်လာမယ်ဆိုပြီး အတင်းပြောဆိုကာ ပြန်လာခဲ့သည် ။ သူ့ရဲ့ခြေထောက်တွေ ပြန်ပြီး မလှုပ်ရှားနိုင်တော့ သူ့ကိုယ်သူ အားငယ္ကာ ရန္ကုန္ကို မပြန်ပဲ သူ့အမေရဲ့ဇာတိဖြစ်တဲ့ ပြင်ဦးလွင်က အိမ်လေးမှာပဲ နေခဲ့တာ ။

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now