အပိုင်း (၁၃)

4K 156 0
                                    


အလုပ်သဘောတရားကို စိတ်ဝင်စားတော့ နေ အနေနဲ့အလုပ်ကို အလွယ်တကူပဲ နားလည်သဘောပေါက်သည် ။

အောက်ခြေကစပြီးမှ ထိပ်ဆုံးမှာ အကျိုးအမြတ်ရမည်ဖြစ်ကာ အောက်ခြေခိုင်မှာ အမြင့်ရောက်ရင် ပြိုမကျနိုင်မှာမဟုတ်လား ။

"နေထွန်းရာ အဲဒီအလုပ်ပြီးရင် အခန်းထဲကို ခဏလာခဲ့ပါ "

လက်နဲ့အလုပ် အလုပ်နဲ့လက် မပျက်လုပ်နေရပြီး နေ အရမ်းပင်ပမ်းရသည် ။ အထူးသဖြင့် မန်နေဂျာကြီးက သူ့ကို မနားတမ်းအလုပ်တွေခိုင်းနေတာ ဒါသက်သက်မဲ့ သူ့ကိုခိုင်းနေတယ်ဆိုတာ နေသိသည် ။ ဒါက ဘယ်သူ့လက်ချက်လဲဆိုတာလဲ သူကောင်းကောင်းသိသည် ။

မန်နေဂျာအနေနဲ့ သူ့ကို အလုပ်တွေအရမ်းခိုင်ရလွန်းလို့အားနာတဲ့အထိဖြစ်နေပေမဲ့ သူ့ရဲ့ အထက်အမိန့်ဆိုတော့ သူလဲ မနာခံလို့မဖြစ်ဘူးလေ ။

နေအရမ်းပင်ပမ်းပါသည် ။ သို့ပေမဲ့ပင်ပမ်းနေလို့မဖြစ် သူတို့က စမ်းသပ်နေရင် သူအောင်မြင်အောင် ကြိုးစားရမည် ။ သူအတွက် အတွေ့အကြုံလဲရတော့ သူ့အနေနဲ့ ပင်ပမ်းတယ်လို့ သဘောထားလို့မရပေ ။

အခုလဲ ဒီအလုပ်ပြီးရင် ထပ်ပြီး အလုပ်ခိုင်းဖို့ သူ့ကိုခေါ်နေပြီဖြစ်သည် ။ အချိန်က ညနေ သုံးနာရီ ။

"ကျွန်တော့်ကို ဘာထပ်ခိုင်းဖို့ရှိသေးလဲ "

"ဪ အဟင်း စိတ်မကောင်းပါဘူး မောင်လေးရယ် အမလဲ မတတ်သာလို့ပါ မောင်လေးက အလုပ်လုပ်ရာမှာ စေ့စပ်သေချာပြီး အရမ်းလဲတော်တယ် ဒါကြောင့် အမလဲ အရမ်းအားနာနေပါပြီ "

"ရပါတယ် ကျွန်တော်နားလည်ပါတယ် ဘာထပ်လုပ်ရမလဲဆိုတာပဲ ပြောပါ "

"ဟောဟိုက အခန်းထဲမှာ ဒီကုမ္ပဏီရဲ့ လစဥ် နှစ်စဥ် အနှစ်ချုပ်ဖိုင်တွေ ထားထားတယ် အဲဒါ အကုန်လုံးကို အစဥ်လိုက် စီပြီး ပါကင်ပိတ်ပေးဖို့ပါ "

"ဪ ဟုတ် ကျွန်တော်လုပ်လိုက်ပါ့မယ် "

"အင်း ဟိုလေ "

"ဟုတ် ပြောပါ ဘာပြောစရာရှိသေးလို့လဲ "

"ဒီနေ့ အပြီးလုပ်ဖို့ သူဌေးက ပြောထားလို့ပါ အဲဒါ "

ဟန်ဆောင် သတို့သား 🔞(Completed)Where stories live. Discover now