열넷

1.2K 219 76
                                    

ဘာကိုစိတ်တိုလို့တိုမှန်းမသိ ကြည့်လိုက်တာနဲ့တင် စိတ်တိုနေမှန်းသိသာတဲ့ဂျောင်ဝန်းကို အကဲခတ်ရင်း ဆောင်းဟွန်းကားနောက်ခန်းမှာ တိတ်တိတ်လေး ဝင်ထိုင်လိုက်တယ်။

"ရှေ့မှာထိုင်လေ။ ကျွန်တော့်ကို driverများမှတ်နေလား!"

စွာလိုက်တာ ဒီကောင်လေး။ ပတ်ဂျေးနဲ့ ရန်ဖြစ်လာပြန်ပြီထင်တယ်လို့ တွေးပြီး ရှေ့ခန်းပြောင်းထိုင်ရပြန်တယ်။

"ဂျောင်ဝန်းနီးက ထူးထူးဆန်းဆန်း အစ်ကို့ကို လာခေါ်လို့ပါလား။ ဘာပြောစရာရှိလို့လဲ။ ဂျေးနဲ့ ရန်ဖြစ်ထားကြတာလား"

"ကျွန်တော်မှလာမခေါ်ရင် အစ်ကိုအိမ်ပြန်ရောက်တော့မှာ မဟုတ်လို့ပေါ့။ ပြီးတော့ ဟာ.. အဲလူကြီးအကြောင်းမပြောစမ်းပါနဲ့။ စိတ်ရှုပ်ရတဲ့ကြားထဲ"

"သားရေးသမီးရေးလဲ ဂရုမစိုက်။ သူ့အလုပ်ကလွဲ ကျန်တာမသိ။ အလုပ်လုပ်ရမယ်ဆိုရင်တော့ ထမင်းမေ့ဟင်းမေ့။ ဘယ်လိုလူမှန်းကို မသိပါဘူး။ ကြည့်လို့ကိုမရဘူး"

မပြောနဲ့ဆိုတဲ့ ဂျောင်ဝန်းကပဲ ဆက်ပြောနေတယ်။ ကြည့်လို့ကိုမရဘူးတဲ့။ အေးပေါ့နော် ကြည့်မရလို့ဘဲ ယူထားကြတာ ကလေးတောင် ၃ယောက်ရနေပြီ။

"သားသားကို သွားကြိုပြီးရင် အစ်ကို့ကို အိမ်ဝင်ပို့ထားခဲ့မယ်။ ညစာကို ကိုယ့်ဘာသာချက်စားတဲ့။ ဂျိတ်ခ်ဟျောင်းက ပြောခိုင်းလိုက်တယ်"

"ဘာ!!! သူက ဘယ်သွားလို့လဲ"

"ထုံစံအတိုင်းပေါ့။ ဌာနကခေါ်လို့ဆိုပြီး ကိုကိုနဲ့အတူ ရေကြီးသုတ်ပြာထွက်သွားကြလေရဲ့"

"အမလေးလေး ရှင်းဂျယ်ယွန်း လုပ်ရက်လိုက်တာနော်။ ငါ့ကျတိုက်ရိုက်မပြောဘဲ စကားပါးခိုင်းလိုက်တယ်ပေါ့။ သွေးတက်လိုက်တာ"

"အဲဒါပြောတာ။ ပြန်ရောက်လာရင် မှတ်လောက်သားလောက်အောင် ဆုံးမလိုက်စမ်းပါဗျာ။ ကျွန်တော်လဲ ကိုကို့ကို ပညာပြမှကိုရတော့မယ်"

ဂျောင်ဝန်းက သူ့ကို အိမ်ပြန်ပို့ပေးခဲ့ပြီး ထွက်သွားတယ်။ ဂျုံဝန်းလေးကတော့ "သားသား နောက်မှအိမ်လာလည်ပါဦးမယ်ခင်ဗျာ"ဆိုပြီး လက်သေးသေးလေးတွေနဲ့ တာ့တာပြသွားလေရဲ့။

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now