스물다섯

1.3K 207 68
                                    

ချစ်သူတွေဖြစ်သွားရင် အစစအရာရာ အဆင်ပြေပြီထင်ခဲ့တာ....ဂျယ်ယွန်းနဲ့ 2nd year 1st semesterတဝက်လောက် ခွဲခဲ့ရတာမို့.. ခဏလေးဖြစ်ဖြစ်တော့ မတွေ့ဘဲနေရလဲ သည်းခံနိုင်မှာပါလို့ ထင်ခဲ့တာ...

တကယ့်တကယ် ဂျယ်ယွန်းက ကျောင်းပြန်တက်ဖို့အတွက် Aussieကိုပြန်သွားတော့...

ရာဇဝင်ထဲက အချစ်ရှုံးသမားလေး ဒဿဂီရိလို..
ဘိန်းစွဲနေတဲ့မူးယစ်ရာဇာလေး ဆေးဖြတ်ခံထားရလို့ နေမထိထိုင်မသာဖြစ်ရသလို..
အာဒံမခူးခဲ့တဲ့ ပန်းသီးလေးတစ်လုံးဟာ သူပဲဖြစ်သလိုလို...
အသက်ရှင်သန်ဖို့အတွက် ရှုသွင်းနေမိတာ အောင်ဆီဂျင်မဟုတ်ဘဲ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပဲဖြစ်နေသလိုလို...

စက္ကန့်၊ မိနစ်မလပ် ဘာတွေတွေးမှန်းမသိ တွေးမိနေပြီး လူကတစ်နေ့လုံး ညှောင်နာနာလေးဖြစ်နေတော့တာ။

ဒုက္ခပါပဲ။ ၂၄နာရီတောင်မပြည့်သေးဘူး။ ဒီလောက်ခံစားနေရရင် ၂၄ရက်လောက်သာကြာရင် ရူးပါသွားတော့မှာလားမသိဘူး။ အဝေးမှာတကယ်မနေနိုင်တော့ဘူး။ တစ်နေ့မှာ အနည်းဆုံး၂၅နာရီလောက်တော့ တွေ့ရမှဖြစ်မယ်ထင်တယ်။

ဆောင်းဟွန်းလဲ ပါမောက္ခချုပ်ဆီ တွေ့ခွင့်တောင်းပြီး သူAussieကို ကျောင်းပြောင်းလျှောက်မယ့်အကြောင်း တိုင်ပင်တယ်။ ပါမောက္ခချုပ်က လုံးဝလက်သင့်မခံဘူး။ "ပတ်ဆောင်းဟွန်းဆိုတာ ကျောင်းဂုဏ်ဆောင်ရမှာ။ တချိန်မှာ နယ်ပယ်တစ်ခုခုထဲရောက်ရင် နေလိုမီးလို တောက်ပလင်းထိန်နေမယ့်သူက Seoul University Alumniဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းထားသင့်တာ"ဆိုပဲ။

ဆောင်းဟွန်းဖြင့် ပါမောက္ခချုပ်ရဲ့ ဆုံးမစကားအရှည်ကြီးကိုနားထောင်ပြီး မျက်လုံးလေးပေကလပ်ပေကလပ်ဖြစ်သွားတယ်။ စာတော်အောင် ကြိုးစားခဲ့မိတာတောင် နောင်တရချင်လာသလိုပဲ။

ဒါပေမယ့် ပတ်ဆောင်းဟွန်းပါ.. ဘယ်ရမလဲ။ Australiaကuniversityနဲ့ ချက်ချင်းချိတ်လိုက်တာ၊ သူ့အမှတ်စာရင်းတွေပြလိုက်တော့ full scholarshipတန်းရသွားတယ်။ professorကို အဲဒီစာရွက်စာတန်းတွေပြတော့ professorက လက်မှတ်ထိုးမပေးဘူး။ နောက်ဆုံး... တောင်းတောင်းပန်ပန်နဲ့ exchange studentသဘောပဲ သွားပါ့မယ်၊ final year final semesterကို Seoulမှာပြန်လာတက်ပါ့မယ်လို့ ဝန်ခံကတိတွေပေး၊ အထပ်ထပ်လက်မှတ်ထိုးပြီးမှ ကျောင်းပြောင်းခွင့်ရတယ်။

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now