스물하나

1.2K 206 55
                                    

ဂျယ်ယွန်းက စိတ်ဒဏ်ရာနာကျင်မှုတွေ ပြန်မတူးဆွချင်တဲ့ကောင်လေးမျိုး။ သူ့ဘဝက မွေးလာထဲက အတော်အတန်dramaticဆန်နေပြီလို့ပဲ ပြောရမယ်။ ဖေဖေနဲ့ မေမေရန်ဖြစ်ကြတဲ့အချိန်တိုင်း ဂျယ်ယွန်းက အမြဲကြားညပ်ရတယ်။ မေမေရဲ့အဖေ၊ ဂျယ်ယွန်းဘိုးဘိုးက ဂျယ်ယွန်းကိုတွေ့ချင်လွန်းလို့ အိမ်လာလည်ပါဦးပြောရင် ဖေဖေက မသွားခိုင်းဘူး။ မသွားခိုင်းတာကိုလဲ လူကြီးချင်း တိုက်ရိုက်မပြောဘူး။ ဂျယ်ယွန်းကပဲ ဘိုးဘိုးကိုမချစ်သလို၊ ဘိုးဘိုးအိမ်ကို မလာချင်သလိုတွေပြောခိုင်းတာ။ ဖေဖေကမလာခိုင်းတာလို့သာ ပြောလိုက်ပါလား။ နေရာမှာတင် အရိုက်ခံရတာနဲ့ ဂျယ်ယွန်း အကျိုးလေးဖြစ်တော့မှာပဲ။

ဂျယ်ယွန်းက ဒီအကြောင်းတွေ ဘယ်သူ့ကိုမှ မပြောဖူးဘူး။ ဆောင်းဟွန်းကိုတောင် မပြောခဲ့ဘူး။ ရင်ဖွင့်ဖို့လဲ တစ်ခါမှ စိတ်ကူးမရှိခဲ့ပါဘူး။ ပြန်စဉ်းစားမိရင်တောင် အရမ်းစိတ်ပင်ပန်းလွန်းတဲ့အတွက် တတ်နိုင်သမျှ မတွေးမိအောင်နေတယ်။

ဖေဖေ့ကိုလဲတစ်ခါမှမမုန်းခဲ့သလို မေမေ့ကိုလဲနားလည်ပေးနိုင်တော့ ဂျယ်ယွန်းစိတ်ကလေးက အေးချမ်းနေတာပဲ။ ပြင်ပအပူတွေ စိတ်ထဲဝင်မလာအောင် တတ်နိုင်သမျှမေ့ပျောက်ပြီး နေနေရတာမျိုး။

ဒီလိုကလေးလေးက တကယ်တော့ အငိုသန်လေး။ ၂နာရီရုပ်ရှင်လေးတစ်ခုကို နှစ်ပတ်ကြာအောင် ခွဲကြည့်ရတယ်။ ကြည့်တဲ့ရုပ်ရှင်က sad endingဖြစ်လို့ကတော့ တွေးတွေးပြီး ငိုရတာ နောက်ထပ်၂လလောက်ကြာတယ်။ တခါတလေ ကော်ဖီသောက်နေရင်း မျက်ရည်တွေ စီးကျလာတာ။ ဘာလို့လဲဆို လွန်ခဲ့တဲ့၁၀နှစ်က ကြည့်ခဲ့တဲ့ ကာတွန်းကားကို ပြန်တွေးလိုက်မိလို့။

အကြောင်းသိနေတဲ့ဆောင်းဟွန်းက ဂျယ်ယွန်းတို့အိမ်မှာရုပ်ရှင်အတူတူကြည့်တဲ့အခါတိုင်း ဂျယ်ယွန်းဘေးတစ်သျှူးတစ်ဘူးထားပေးတတ်တယ်။ တခါတလေ ဂျယ်ယွန်းက အသံမထွက်အောင်ကြိတ်ငိုတတ်ပေမယ့် တခါတလေတော့လဲ ဆောင်းဟွန်းရင်ခွင်ထဲခေါင်းဝှက်ပြီး အားရပါးရငိုတတ်ပါတယ်။

Spoilerမကြိုက်တဲ့ဂျယ်ယွန်းက sad endingလား၊ happy endingလား မသိချင်ပေမယ့်လဲ ဆောင်းဟွန်းကတော့ ဇာတ်သိမ်းသိကိုသိအောင် ကြည့်ပြီးသားလူတွေဆီ လိုက်မေးထားရတယ်။ ဘာလို့ဆို ဂျယ်ယွန်းငိုတဲ့အခါ နှာရည်တွေနဲ့ ပေတူးကုန်မှာ သူ့အင်္ကျီလေ။ ပုခုံးပေါ်ခေါင်းမှောက်လိုက်၊ နှပ်ချေးသုတ်သွားလိုက်၊ ရင်ခွင်ထဲဝင်ငိုလိုက်၊ နှာရည်တွေရော မျက်ရည်တွေရောက ဆောင်းဟွန်းအင်္ကျီမှာ အကွက်လိုက်ကျန်ခဲ့လိုက်နဲ့။

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now