여덟

1.3K 222 67
                                    

အထက်တန်းပထမနှစ်ထိ သူတို့ တပူးပူး တတွဲတွဲဖြစ်နေကြတုန်းပဲ။ အခန်းမတူတာတောင် စာအတူတူလုပ်ဖြစ်တယ်။ ဆောင်းဟွန်းက activityအမှတ်တွေများလို့သာ Aခန်းဝင်နေတာ။ မဟုတ်ရင် သင်္ချာအလီမရတာနဲ့တင် အခန်းလျှောနေပြီ။

ဂျယ်ယွန်းကတော့ အစားမှားတာနဲ့ အစာအိမ်က ဆက်ဆက်ထိမခံဖြစ်တုန်း။ တစ်ခါကဆို ကော်ဖီတွေ အများကြီးသောက်မိလို့ ဆေးရုံတက်လိုက်ရသေးတယ်။ သူမှတ်မိသလောက် သူတို့စတွေ့တဲ့ မူလတန်းမှာ ဂျယ်ယွန်းက ကော်ဖီလုံးဝမကြိုက်ပါဘူး။ သူခဏဏစားဖြစ်တဲ့ ကော်ဖီအရသာရေခဲမုန့်ကိုတောင် မြည်းရုံမြည်းပြီး "ဘာအရသာကြီးလဲ"ဆိုပြီး ပြောခဲ့သေးတာ။

တော်သေးတာက ဂျယ်ယွန်းက ဆေးသောက်မပျင်းတဲ့သူမို့။ ဆရာဝန်က ဆေးတွေအများကြီးပေးလဲ အချိန်မှန်မှန် မညည်းမညူ သောက်နေတာပဲ။ ဂျယ်ယွန်းဆေးသောက်တဲ့အခါတိုင်း ဘေးနားကနေ မျက်နှာကြီးရှုံ့တွနေတာသူပါ။ သူက ဆေးသောက်ရတာ အရမ်းမုန်းတဲ့သူမျိုးမို့လေ။

ဂျယ်ယွန်းရဲ့ဆိုးတဲ့အချက်ကတော့ မတည့်တဲ့အစာဆို တအားစားချင်တာပါ။ ramyeonစားချင်တယ်ဆိုတဲ့စကားကို တစ်နေ့ အခါ၁၀၀လောက်ပြောတယ်။ ဆောင်းဟွန်းကြားလို့ ခပ်တည်တည်စိုက်ကြည့်ပေးလိုက်ရင် မျက်နှာငယ်လေးနဲ့ သနားဖို့ကောင်းအောင်လုပ်တော့တာ။ အဲခါကျရင် ဆောင်းဟွန်းလဲ မနေနိုင်ဘဲ ခေါက်ဆွဲတွေထပြုတ်ပြီး ဂျယ်ယွန်းကို နှစ်လုပ်စာလောက်တော့ ကျွေးဖြစ်တယ်။

တစ်ခါကဆိုလဲ ဟော့ပေါ့စားချင်တယ်ပြောလို့ အိမ်မှာလုပ်စားကြမလားဆိုတော့ မင်းသားလေးက အိမ်မှာစားရတဲ့အရသာနဲ့ ဆိုင်မှာစားရတဲ့အရသာက မတူဘူးတဲ့။

ဒီလိုတွေဂျေးများနေလဲ ဆောင်းဟွန်းက ချစ်ရတာပါပဲ။ ဒါပေမယ့် ဒီလိုချစ်ခြင်းမှာ စိုးရိမ်စိတ်တွေပါနေတယ်။ ချစ်ရသူလေးက ကျန်းမာရေးအတွက်ကောင်းတဲ့အသီးအရွက်ကျမစားဘဲ ရေခဲရိုက်အစားအစာတွေမှ သိပ်ကြိုက်နေတာကိုး။

ဂျယ်ယွန်း ဒီတိုင်းလေးပြောလိုက်တဲ့စကားတစ်ခွန်းကိုတောင် ဖြစ်ဖြစ်မြောက်မြောက်ဖြည့်စည်းပေးချင်တာ သူ့ဆန္ဒဆိုတော့ ဆောင်းဟွန်းလဲ တမြို့လုံးက ဟော့ပေါ့ဆိုင်တွေဆီ ဖုန်းဆက်လိုက်၊ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်မေးလိုက်နဲ့ အတော်အလုပ်ရှုပ်သွားတယ်။

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now