일곱

1.2K 213 33
                                    

နှစ်ယောက်လုံး နေမကောင်းဖြစ်နေတဲ့ကာလတွေက သူ့အတွက်သိပ်ပျော်ဖို့ကောင်းတဲ့နေ့ရက်တွေပါလို့ ပြောရင် ရယ်ချင်ကြမလားပဲ။

ခြေထောက်ပြန်ကောင်းတဲ့အထိ တစ်လကျော် နှစ်လနီးပါး ဘင်ခရာအဖွဲ့ကနေ အနားယူလိုက်ရတယ်။ နည်းပြကတော့ ကျိုင်းကိုင်အသစ်တစ်ယောက် အစားထိုးထားတယ်ပြောတယ်။ ကြားထဲမှာ TVကနေ တိုက်ရိုက်ထုတ်လွှင့်မယ့် လမ်းဖွင့်ပွဲတစ်ခုလွတ်သွားတာမို့ ဂျယ်ယွန်းက သူ့အစား မျက်နှာလေးရှုံ့မဲ့မဲ့နဲ့။

တကယ်ဆို သူက ဂျယ်ယွန်းနဲ့ဝေးအောင်လုပ်နေတဲ့ ဒီဘင်ခရာလေ့ကျင့်ချိန်တွေအားလုံးကို လွှင့်ပစ်လိုက်ချင်တာပါ။ ဒီတစ်ခေါက်တောင် ခြေထောက်အကြောင်းပြပြီး အဖွဲ့ထဲကထွက်တော့မလို့။ ဒါပေမယ့် ဂျယ်ယွန်းစိတ်မကောင်းဖြစ်နေတာတွေ့ပြီး နည်းပြကို အကျိုးအကြောင်းပဲ ရှင်းပြီးခဏခွင့်ယူထားလိုက်တယ်။

နှစ်ယောက်လုံး ကျောင်းမတက်ရတော့ အချိန်တွေကပိုနေတာ။ မနက်ခင်းနိုးလာတာနဲ့ ဂျယ်ယွန်းဆီ messageပို့တယ်။ ခပ်သွက်သွက်လေး စားတယ် သောက်တယ်။ ပြီးရင် ကားပေါ်တက်တယ်။ ommaက ကိုယ်တိုင်ပြုတ်ထားတဲ့ဆန်ပြုတ်ချိုင့်နဲ့ သူ့ထမင်းချိုင့်ကိုသယ်လို့ သူ့ကို ဂျယ်ယွန်းအိမ်လိုက်ပို့ပေးတယ်။

အမေမရှိတော့တဲ့ ဂျယ်ယွန်းကို ommaက သားအရင်းလေးလို သဘောထားပြီး ချစ်ပေးတာတွေ့တော့ သူအရမ်းပျော်ပါတယ်။

x

ဂျယ်ယွန်းအခန်းက အညိုရောင်လေးတွေ လွှမ်းနေတာ။ အိပ်ရာခင်းက ဝက်ဝံရုပ်လေးတွေပါတဲ့ အညိုရောင်အိပ်ရာခင်းလေး။ အနက်ရောင်နဲ့ ဆင်စွယ်ရောင်ကို အကြိုက်ဆုံးဆိုတဲ့ဂျယ်ယွန်းက အခန်းနံရံတွေကိုတော့ အဖြူရောင်ဆေးသုတ်ထားတယ်။ ချစ်ရသူရဲ့အခန်းကို အချစ်ဆုံးအရောင်လေးဝန်းရံပြီး တွေ့လိုက်ရတော့ ခံစားမှုက တမျိုးပဲ။

ဂျယ်ယွန်းအခန်းက ဆောင်းဟွန်းအခန်းနဲ့ယှဉ်ရင် အတော်ကျယ်တယ်ပြောရမယ်။ နှစ်ယောက်အိပ်ကုတင်တစ်လုံး၊ စာကြည့်စားပွဲ၊ အဝတ်ဗီရို၊ စင်နှစ်ခုနဲ့ တခြားပစ္စည်းသေးသေးလေးတွေထားထားတာတောင် အလယ်မှာ နေရာလွတ်အများကြီးကျန်နေတုန်းပဲ။

Time Spent Walking Through Memories [PSH x SJY]Tempat cerita menjadi hidup. Temukan sekarang