에필로그

2.9K 251 119
                                    

လက်ရှိအချိန် ~

ဆွတ်ပျံ့လှိုက်မောဖွယ်ရာ၊ ရယ်ရွှင်ဖွယ်ရာ၊ ကြည်နူးစရာ အတိတ်နေ့ရက်လေးတွေကို ပြန်လည်တွေးတောတမ်းတပြီးတဲ့နောက်မှာတော့ အရမ်းမောသွားတဲ့ ဂျယ်ယွန်းကလေး။

"ဟူး မောတာ အရင်ကအကြောင်းတွေပြောရတာ"

"မောင် ရေသွားယူပေးမယ်နော်"

ပေါင်ပေါ်မှာထိုင်နေတဲ့ ဂျယ်ယွန်းလုံးလေးကို လက်နှစ်ဖက်နဲ့အသာပွေ့လို့ ကုတင်ပေါ်ချပေးပြီး သူကတော့ မီးဖိုချောင်ထဲက ရေကရားကို သွားယူနေလိုက်တယ်။

ရေတစ်ခွက်ကို တဂွက်ဂွက်နဲ့ သောက်ပြီးနောက်မှာတော့ ဂျယ်ယွန်းကလေးက ခြေထောက်လေးနှစ်ဖက်ကို ကုတင်အောက်မှာ တွဲလဲကလေးချ၊ ခန္ဒာကိုယ်ကို အိပ်ရာပေါ် ပို့လို့ပက်လက်လှဲချပစ်လိုက်တယ်။

"အိပ်တော့မလို့လား"

"အိပ်သေးပါပူး နေ့လည်ကအိပ်ထားတာကို"

ဆောင်းဟွန်းလဲ ဘာမှပြောမနေတော့ဘဲ ရေချိုးခန်းဘက်ထွက်သွားလိုက်တယ်။

ခဏလောက်နေတော့ ဂျယ်ယွန်း ခြေထောက်လေးတွေကို လာထိနေတာခံစားရတယ်။

"ဘာလုပ်မလို့လဲ"

"နှိပ်ပေးမလို့လေ။ ကိုယ့်အမျိုးသားလေးကို"

ဆောင်းဟွန်းက ဂျယ်ယွန်းခြေချောင်းလေးတွေကို traditional stress relief scentsထည့်ထားတဲ့ရေနွေးနွေးလေးနဲ့ ဆေးကြောပေးပြီး ခပ်ဖွဖွနှိပ်နယ်ပေးနေတယ်။

ဂျယ်ယွန်းကလေးကတော့ ဖုန်းသုံးရင်း ဇိမ်ခံလို့ကောင်းနေတာပေါ့။

ဂျယ်ယွန်းရဲ့ တကိုယ်လုံးက နီတာရဲလေးဖြစ်နေတာ။ ခြေချောင်းထိပ်လေးတွေ၊ ခြေဖနောင့်လေးတွေ.. မွေးကင်းစကလေးလေးတွေလို နီတာရဲလေး။ ဒါတင်ဘယ်ကမလဲ လက်ချောင်းထိပ်လေးတွေ၊ လက်ဆစ်လေးတွေကလဲ နီတာရဲလေး။ စတော်ဘယ်ရီသီးလေးနဲ့တူတယ်။ ဆောင်းဟွန်းဖြင့် အူယားလွန်းလို့ ဂျယ်ယွန်းကလေးတကိုယ်လုံးကို မြိုချပစ်လိုက်ချင်တော့တာပါပဲ။

"အင်း.. ကောင်းတယ် အပေါ်တိုး။ ခြေသလုံးလဲ နှိပ်ပေးဦး"

"ဒီနားလေးတွေလား"

Time Spent Walking Through Memories [PSH x SJY]Opowieści tętniące życiem. Odkryj je teraz