스물

1.1K 207 34
                                    

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ အချစ်ဆိုတဲ့ မျိုးစေ့လေးရှိတယ်။ မျိုးစေ့ကလေးကနေ အပင်ပေါက်ဖြစ်လာအောင်၊ အပင်ပေါက်ကလေး ဆက်လက်ရှင်သန်ကြီးထွားလာအောင် ရေလောင်းပေါင်းသင်ခံရပုံတွေ မတူကြပေမယ့်...

ဂျယ်ယွန်းရင်ထဲက အချစ်မျိုးစေ့လေးက ဆောင်းဟွန်းရဲ့ ဂရုစိုက်မှုတွေအပေါ် စိတ်စေတနာအရင်းခံနဲ့ ကြင်နာမှုတွေထပ်လောင်းလို့ အပင်ပေါက်လေးဖြစ်လာခဲ့တာ။

ဂျယ်ယွန်းအတွက် ဆောင်းဟွန်းက ဘယ်လိုဖြစ်တည်မှုမျိုးလဲဆိုရင်..

မူလတန်းမှာ သူ့ကိုပထမဆုံးစမိတ်ဆက်ခဲ့တဲ့ သူငယ်ချင်း

အရောင်အဆင်းမဲ့နေတဲ့ဘဝထဲ ပန်းရောင်တိမ်တိုက်လေးတွေ၊ မိုးပြာရောင်cotton candyတွေ၊ အဝါရောင်နေကြာပန်းတွေ ယူဆောင်လာပေးတဲ့သူ။

အလယ်တန်းမှာ ကျောင်းတစ်ခါပြေးကြတုန်းက ဂျယ်ယွန်း ကျောင်းနံရံကျော်ဖို့အတွက် ခါးကိုကုန်းလို့ထိုင်ခုံလုပ်၊ ပုခုံးတွေကိုတက်နင်းဖို့ ထောက်တိုင်အဖြစ်နေပေးခဲ့တဲ့သူ။

Figure skatingပြိုင်ပွဲတွေမှာ ဆုရတဲ့အခါ သူ့ကိုဓာတ်ပုံဝိုင်းရိုက်ကြတာတွေတောင် မစောင့်နိုင်ဘဲ ဂျယ်ယွန်းဆီကို ပြေးလာလို့ သူရတဲ့ဆုကို ဂျယ်ယွန်းလက်ထဲ ဝမ်းသာအားရထည့်ပေးခဲ့တဲ့သူ။

အင်း... မပြောတတ်တော့ပါဘူး။ ဆောင်းဟွန်းနဲ့ပက်သတ်လာရင် အသေးစိတ်လေးကအစ မှတ်မိနေတတ်ပေမယ့် ခံစားချက်တွေကို ဖွင့်ဟပြဖို့ဆို ဘယ်ကစရမယ် တကယ်မသိဘူး။

ဆောင်းဟွန်းကို မျက်နှာချင်းဆိုင်ပြီး ပြောဖို့မဆိုနဲ့။ မှန်ရှေ့ထိုင်ပြီးတောင် ကိုယ့်ပုံရိပ်ကိုတောင် ဒီခံစားချက်တွေ မတိုင်ပင်ရဲတဲ့အထိ။

ချစ်ဦးသူနဲ့ပက်သတ်လာရင် ဂျယ်ယွန်းက အရမ်းကိုမှ အတွေးလွန်တတ်တဲ့အကောင်ပေါက်လေးမို့လေ...

သူက ဆောင်းဟွန်းနဲ့ပတ်သက်လာရင် အရာရာမှာ တုံးအတတ်တဲ့လူမျိုးပဲ။ များသောအားဖြင့် ဆောင်းဟွန်းမျက်လုံးတွေကိုတောင် စေ့စေ့မကြည့်ရဲဘူး။ မျက်ဝန်းတွေက စိတ်ရဲ့တံခါးပေါက်လို့ဆိုကြတဲ့အတွက် ဒီမျက်ဝန်းတွေကတဆင့် သူ့ခံစားချက်တွေကို ရိပ်မိသွားပြီး ဆောင်းဟွန်း နေရထိုင်ရခက်မှာတောင် သူက သေမတတ်စိုးရွံ့ရတယ်။

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now