열아홉

1.1K 198 33
                                    

သူတို့တွေ အတူတူရှိလာခဲ့ကြတာ တစ်နှစ်ပြီးတစ်နှစ်။ တစ်ယောက်အတွက် တစ်ယောက်ရဲ့ အရေးပါမှုက ဘေးလူတွေအမြင်မှာတောင် ဘယ်လောက်ထိအရာ​ရောက်သလဲဆိုရင် ပတ်ဆောင်းဟွန်းမြင်တာနဲ့ ရှင်းဂျယ်ယွန်းကိုတန်းတွေးမိစေသလို ရှင်းဂျယ်ယွန်းကိုမြင်တာနဲ့ ပတ်ဆောင်းဟွန်းကို အမှတ်ရစေတဲ့အထိ။

ရွက်ဟောင်းတွေကြွေတဲ့နွေဦး
သစ်ပင်တွေ အရိုးပြိုင်းတဲ့နွေ
ရွက်စိမ်းတွေနဲ့ အလှခြယ်တဲ့မိုး
နှင်းခဲဖွေးဖွေး ဖုံးလွှမ်းခံထားရတဲ့ဆောင်း

ဆယ်နှစ်သားအရွယ်လေးကစလို့ ၁၆နှစ်အရွယ် လူပျိုဖော်ဝင်စပြုလာတဲ့အထိ ဘဝရဲ့နေရာတိုင်း အချိန်တိုင်းမှာ ဆောင်းဟွန်းက ဂျယ်ယွန်းအနားရှိပေးခဲ့တယ်။

ဂျယ်ယွန်းကြည့်ဖူးတဲ့ တရုတ်သိုင်းကား "မက်မွန်မြေက ချစ်တေးတစ်ပုဒ်"ထဲမှာ မင်းသမီးယုံအော် ပြောဖူးတာရှိတယ်။ နွေဦးမှာ သစ်ရွက်ကြွေတွေကို ဖမ်းမိရင် ဆုတောင်းပြည့်တယ်တဲ့။

အလေးအနက်လဲမဟုတ်ပါဘဲ ဒီတိုင်းပြောလိုက်တဲ့ ဇာတ်ဝင်ခန်းထဲက စကားလေးတစ်ခွန်းကတောင် ဆောင်းဟွန်းနဲ့ပတ်သက်လာရင် အရူးလေးလိုဖြစ်နေတဲ့ ဂျယ်ယွန်းအပေါ် အများကြီးသက်ရောက်ပါတယ်။

သစ်ပင်ကြီးတွေအောက် မတ်တပ်ရပ်စောင့်ပြီး ရွက်ကြွေတွေကို လိုက်ဖမ်းရတာ။ ဖမ်းလို့မိရင် လက်ခုပ်လေးထဲထည့်၊ သစ်ရွက်လေးကို စကားတိုးတိုးပြောလို့ လေနဲ့ပြန်မှုတ်ပစ်ရတယ်။

"ငါဆောင်းဟွန်းကို အရမ်းချစ်တယ်နော်
ငါပြောတာကြားရင် ဆောင်းဟွန်းလဲ ငါ့ကိုပြန်ချစ်အောင် ကူဆုတောင်းပေးကြနော်"ဆိုပြီး။

ဆောင်းဟွန်းကတော့ သစ်ရွက်ကြွေတွေကို လိုက်လိုက်ဖမ်းနေတဲ့ သူ့ကိုကြည့်ပြီး ပြောရှာပါတယ်။ "မင်းOCDများဖြစ်နေသလား"တဲ့။

ဘဝရဲ့ အပျော်ဆုံးအချိန်တွေကိုပြောပါဆိုရင် နွေရာသီမှာ ဆောင်းဟွန်းနဲ့အတူ ဟန်မြစ်ဘေးထိုင်ရတာပဲ။

သူတို့တွေ အရိပ်ကောင်းကောင်းရတဲ့ သစ်ပင်ကြီးအောက်ထိုင်ကြတယ်။ အလှစိုက်ပျိုးထားတဲ့ ပန်းလေးတွေရှိတယ်။ အဲပန်းလေးတွေပေါ် ဝဲနေတဲ့ ရောင်စုံလိပ်ပြာလေးတွေလဲ ရှိတယ်။ ညနေခင်းဆို နေဝင်ချိန်ဟာ သိပ်ကိုလှပတယ်။

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now